top of page

ကောင်းကင်မန်၊နတ်ဆိုးများနှင့်ပတ်သက်သောမေးခွန်းများ

လူသားများနှင့်ပတ်သက်သောမေးခွန်းများ

Boat on a Lake

ဘေးဒဏ်ကြီးကာလနှင့်စပ်လျဉ်းသောချီဆောင်ခြင်း ဘေးဒဏ်ကြီးကာလသည် မည်သည့်အချိန်တွင် ဖြစ်ပေါ်လိမ့်မည်နည်း။

ေမးခြန္း: ဘေးဒဏ်ကြီးကာလနှင့်စပ်လျဉ်းသောချီဆောင်ခြင်း ဘေးဒဏ်ကြီးကာလသည် မည်သည့်အချိန်တွင် ဖြစ်ပေါ်လိမ့်မည်နည်း။အေျဖ: ဘေးဒဏ်ကြီးကာလနှင့်စပ်လျဉ်းသော ချီဆောင်ခြင်းအချိန်သည် ယနေ့အသင်းတော် ခေတ်ကာလတွင် စကားအချည်အတင် ငြင်းခုံခြင်းရှိသော အကြောင်းအရာတစ်ခုဖြစ်သည်။ ချီဆောင်ခြင်းနှင့်ပတ်သက်၍ ရှုတောင့် သုံးမျိုးရှိသည်။ ၄ငး်တို့မှာ- pre-tribulational ( ဘေးဒဏ် ကြီးကာလမတိုင်မီ ချီဆောင်ခြင်း)၊ mid-tribulational (ချီဆောင်ခြင်းသည် ဘေးဒဏ်ကြီးကာလ တွင်ဖြစ်စေ၊ ဘေးဒဏ်ကြီးကာလနှင့်အလွန်နီးကပ်သောအချိန်တွင်ဖြစ်ပေါ်ခြင်း)၊ နှင့် post- tribulational (ဘေးဒဏ်ကြီးကာလပြီးဆုံးသွားပြီးနောက်ချီဆောင်ခြင်း) စသည်တို့ဖြစ်သည်။ စတုတ္ထအချက်သည် pre-wrath (အမျက်ဒေါသမတိုင်မီ) ဟု သိရသည်။ ၄င်းသည် mid-tribulaiton နှင့် နီးစပ်မှုရှိသည်။ပထမအနေဖြင့်၊ ဘေးဒဏ်ကြီးကာရည်ရွယ်ချက်ကို အသိအမှတ်ပြုရန် အရေးကြီးသည်။ ဒံယေလ ၉း၂၇ အရ ရက်သတ္တပတ်ခုနစ်ဆယ်မြောက် “ခုနစ်” ( ခုနစ်နှစ်) သည် နောက်ကာလတွင် ဖြစ်လာ မည့်အရာဖြစ်သည်။ ဒံယေလမြင်သော ခုနစ်ဆယ်ခုနစ် ပရောဖက်များသည် (ဒံယေလ ၉း၂၀-၂၇) ဣသရေလလူမျိုးများ အကြောင်းကို ဖော်ပြလိုခြင်းဖြစ်သည်။ ထိုအချိန်သည် ဘုရားသခင်က ဣသရေလလူမျိုးများကို အထူးဂရုစိုက်သောအချိန်ကာလဖြစ်သည်။ ခုနစ်ဆယ် ခုနစ်မြောက်အ ပတ်သည် ဘေးဒဏ်ကြီးကာလ၊ အထူးသဖြင့်၊ ဘုရားသခင်သည် ဣသရေလလူမျိုးများကို ဆုံးမသွန်သင်မည့်အချိန်ကာလဖြစ်သည်။ ထိုအချိန်တွင် ယနေ့ယုံကြည်သူအသင်းတော်များ ရှိတော့မည်အဟုတ်ပေ။ ထိုအချိန်အတွင် အဘယ်ကြောင့်ယုံကြည်သူများသည် ဤလောကတွင် နေရန်လိုအပ်သေးမည်နည်း ဟု မေးရန်ရှိသည်။ချီဆောင်ခြင်းအကြောင်းကို ၁သက် ၄း၁၃-၁၈ ထဲတွင် အဓိကဖော်ပြထားပါသည်။ ထိုကျမ်းပိုဒ်ထဲ တွင်အသက်ရှင်သေးသောယုံကြည်သူအားလုံးများနှင့် သေပြီးသောယုံကြည်သူအားလုံးတို့သည် သခင်ယေရှုနှင့် မိုဃ်းတိမ်ပေါ်တွင် တွေ့၍ သူနှင့်အတူ ထာဝရစိုးစံတော်မူကြမည်ဖြစ်သည်။ ချီဆောင်ခြင်းသည် ဘုရားသခင်က ယုံကြည်သူများကို ဤလောကမှ ဖယ်ရှားခြင်းဖြစ်သည်။ ၁သက် ၅း၉ ထဲတွင် ရှင်ပေါလုက “ အမျက်တော်ကိုခံစေခြင်းငှါ ဘုရားသခင်သည် ငါတို့ကို ခန့် ထားတော်မူသည်မဟုတ်။ ငါတို့သခင်ယေရှုခရစ်အားဖြင့်၊ ကယ်တင်ခြင်းကို ပိုင်ရစေခြင်းငှါ၊ ခန့် ထားတော်မူ၏” ဟု ဖော်ပြထားပါသည်။ ဗျာဒိတ်တော်ကျမ်းထဲတွင် ဘေးဒဏ်ကြီးကာလ၏အစပိုင်း ကို ဖော်ပြထားပါသည်။ ၄ငး်ထဲတွင် ဘေးဒဏ်ကြီးကာလတွင် ဘုရားသခင်သည် သူ၏အမျက်ဒေါ သကို လောကသို့ မည်သို့သွန်းလောင်းသည်ကို ဖော်ပြထားပါသည်။ ဘုရားသခင်သည် ခရစ်ယာန်များကို သူ၏အမျက်ဒေါသသွန်းလောင်းခြင်းမှ ကယ်တင်လိမ့်မည်ဟု ကတိပြုထားသော ကြောင့် ဘုရားသခင်သည် ခရစ်ယာန်များကို လောကမှ ဖယ်ရှားသည်နှင့်တပြိုင်နက် ဘေးဒဏ် ကြိးကာလအစပြုလာမည်ဖြစ်သည်။ချီဆောင်ခြင်းအကြောင်းနှင့်ပတ်သက်၍အခြားအရေးကြီးသော ဖော်ပြချက်သည် ဗျာဒိတ် ၃း၁၀ ထဲ တွင် တွေ့ရှိနိုင်သည်။ ၄ငး်ထဲတွင်ခရစ်တော်က ယုံကြည်သူများကို ဤလောကသို့ ရောက်လာမည့် “ဒုက္ခဆင်းရဲခြင်းခံရသောအချိန်” တွင် ကယ်တင်လိမ့်မည်ဟု ဖော်ပြထားပါသည်။ အဓိပ္ပါယ်နှစ်မျိုးရှိနိုင်သည်။ ခရစ်တော်သည် ယုံကြည်သူများကို ဒုက္ခများထဲမှ ကွယ်ကာမည်။ (သို့) သူက ယုံကြည်သူများကို ဒုက္ခများထဲမှ ကယ်တင်မည်။ ဂရိဘာသာစကားဖော်ပြချက်မှ ကြည့်လျှင် နှစ်ခုစလုံးတို့သည် မှန်ကန်သည်။ သို့သော် ယုံကြည်သူများသည် မည်သည့်အရာမှ ကယ်တင်မည့်ကတိတော်ကို သိရှိခြင်းသည် အလွန်အရေးကြီးသည်။ ဒုက္ခဆင်းရဲခြင်းမှ ကယ်တင် ခြင်းသက်သက်မဟုတ်ဘဲ၊ ဆင်းရဲဒုက္ခခံရသော “အချိန်” တွင် ကယ်တင်ခြင်းကို ဆိုလိုသည်။ ခရစ်တော်က ယုံကြည်သူများကို ဆင်းရဲဒုက္ခခံရသောအချိန်၊ အဓိကအားဖြင့် ဘေးဒဏ်ကြီးနှင့် ရင်ဆိုင်ရသောအချိန်တွင် ကယ်တင်လိမ့်မည်ဟု ကတိပြုထားပါသည်။ ဘေးဒဏ်ကြီးကာလ၏ ရည်ရွယ်ချက်၊ ချီဆောင်ခြင်း၏ရည်ရွယ်ချက်၊ ၁သက် ၅း၉ ၏ဖော်ပြချက်၊ ဗျာဒိတ် ၃း၁၀ ၏အနက် ဖွင့်ဆိုချက်များကို ကြည့်လျှင် pre-tribulation (ဘေးဒဏ်ကြီးကာလမတိုင်မီ ချီဆောင်ခြင်း) သည် မှန်ကန်ကြောင်းတွေ့ရှိနိုင်ပါသည်။ သမ္မာကျမ်းစာကို တိကျမှန်ကန်စွာဖြင့် အနက်ဖွင့်လျှင် ဘေးဒဏ်ကြီးကာလမတိုင်မီ ချီဆောင်ခြင်းသည် သမ္မာကျမ်းစာနှင့်အညွတ်ဆုံးဖြစ်ကြောင်းတွေ့ရှိ နိုင်ပါသည်။

//////////////////////////////////////////////////////////////////////////////////////////////////////////////////////////////////////////////////////////////////////////////

သခင်ယေရှုခရစ်တော် ဒုတိယအကြိမ်ကြွလာခြင်းသည် မည်သည့်အရာ ဖြစ်သ နည်း။

ေမးခြန္း: သခင်ယေရှုခရစ်တော် ဒုတိယအကြိမ်ကြွလာခြငး်သည် မည်သည့်အရာ ဖြစ်သ နည်း။

အေျဖ: သခင်ယေရှုဒုတိယအကြိမ်ကြွလာခြင်းသည် ယုံကြည်သူအားလုံးတို့၏မြော်လင့်ခြင်းဖြစ် သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ထိန်းချုပ်ထားသည်။ သူသည် သူ၏နှုတ်ကပတ်တော် ထဲတွင် ဖော်ပြထားသော ကတိတော်များနှင့် ပရောဖက်ပြုချက်များပြည့်စုံရန် သစ္စာတရားနှင့်ပြည့် စုံသည်။ သခင်ယေရှုခရစ်တော်ဒုတိယကြွလာသည့်အချိန်တွင် သူသည် ပရောဖက်ဟောပြောခဲ့ သည့်အတိုင်း ဗက်လဟင်မြို့ နွားစားခွက် ထဲတွင် သူငယ်အဖြစ်နှိမ့်ချစွာ ဖွါးမြင်ခဲ့သည်။ သခင် ယေရှုသည် သူ၏မွေးဖွါးခြင်း၊ အသက်ရှင်းခြင်း၊ သာသနာလုပ်ငန်းလုပ်ဆောင်ခြင်း၊ အသေခံခြင်း၊ နှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် မေရှီယနှင့်ပတ်သက်သောပရောက်ဖက်ပြုချက်များစွာ ပြည့်စုံစေ ခဲ့သည်။ သို့ရာတွင် မေရှီယနှင့်ပတ်သက်၍မပြည့်စုံရသေးသောပရောဖက်ပြုချက်များ စွာရှိသေးသည်။ သခင်ယေရှုခရစ်တော်၏ဒုတိယအကြိမ်ကြွလာခြင်းသည် ထိုမပြည့်စုံရသေးသော ပရောဖက်ပြုချက်များကို ပြည့်စုံစေရန်အတွက် ဖြစ်သည်။ သခင်ယေရှုပထမအကြိမ်ကြွလာခြင်းထဲ တွင် သူသည် စေခံတစ်ဦးဖြစ်ခဲ့သည်။ သခင်ယေရှုသည် ဒုတိယအကြိမ်ကြွလာသောအခါ သူသည် အောင်မြင်သော ဘုရင်အဖြစ်ကြွလာမည်ဖြစ်သည်။ သခင်ယေရှုသည် ပထမအကြိမ်ကြွ လာသည့်အချိန်တွင် သူသည် နှိမ့်ချသောအသက်တာဖြင့်ကြွလာခဲ့သည်။ သခင်ယေရှုဒုတိယအ ကြိမ်ကြွလာသောအခါ သူသည် မိမိပတ်ဝန်းကျင်တွင် ကောင်းကင်ဗိုလ်ခြေများနှင့်ကြွဆင်းလာမည် ဖြစ်သည်။ဓမ္မဟောင်းထဲတွင်ရှိသော ပရောဖက်များက သခင်ယေရှု၏ပထမအကြိမ်ကြွလာခြင်းနှင့် ဒုတိယအ ကြိမ်ကြွလာခြင်းတို့၏ခြားနားမှုကို တိကျစွာဖော်ပြထားခြင်းမရှိပေ။ သခင်ယေရှုကြွလာခြင်းအ ကြောင်းကို ဟေရှာယ ရး၁၄၊ ၉း၆-၇ နှင့် ဇာခရိ ၁၄း၄ ထဲတွင် တွေ့ရှိနိုင်ပါသည်။ ထိုကျမ်းပိုဒ်ထဲ တွင် သခင်ယေရှုကြွလာခြင်းသည် မတူညီသော ပုဂ္ဂိုလ်နှစ်ဦးအဖြစ်ကြွလာလိမ့်မည်ဟု ဖော်ပြထား သည်။ ယုဒလူမျိုးကျမ်းတတ်ပုဂ္ဂိုလ်များက ညှဉ်းပန်းနှိပ်စက်ခြင်းခံသော မေရှီယနှင့် အောင်မြင် သောမေရှီယရှိသည်ဟု ယုံကြည်ကြသည်။ သတို့မသိသောအချက်တစ်ခုသည် ညှဉ်းပန်းနှိပ်စက် ခြင်းခံသော မေရှီယနှင့် အောင်မြင်သောမေရှီယသည် တစ်ဦးတည်းအားဖြင့်ပြည့်စုံမည်ကို မသိ ခြင်းဖြစ်သည်။ သခင်ယေရှုသည် ပထမအကြိမ်ကြွလာသောအချိန်တွင် ညှဉ်းပန်းနှိပ်စက်ခြင်းခံ သောမေရှီယအခန်းကဏ္ဍကို ပြည့်စုံစေခဲ့သည် (ဟေရှာယ အခန်းကြီး ၅၃)။ သခင်ယေရှုသည် ဒုတိယအ ကြိမ်ကြွလာသောအခါ ဣသရေလလူမျိုးများကို ကယ်တင်ရှင်အဖြစ်နှင့် ရှင်ဘုရင် အခန်းကဏ္ဍများ ကို ပြည့်စုံစေမည်ဖြစ်သည်။ ဇာခရိ ၁၂း၁၀ နှင့် ဗျာဒိတ် ၁းရ ထဲတွင် သခင်ယေရှု ၏ဒုတိယအကြိမ် ကြွလာခြင်းအကြောင်းကို ဖော်ပြထားသည်။ သခင်ယေရှု၏နာကျင်ထိုးနက်ခြင်း ခံခြင်းကို ပြန်လည် ဖော်ပြထားပါသည်။ ဣသရေလလူမျိုးများနှင့် လောကတွင်ရှိသောလူသားအား လုံးတို့သည် သခင်ယေရှု ပထမအကြိမ်ကြွလာသောအခါသူတို့က မလက္ခံခဲ့ကြသောကြောင့် သူတို့သည် နောင်တ ရကြမည်ဖြစ်သည်။သခင်ယေရှုသည် ကောင်းကင်ဘုံသို့ချီဆောင်ခြင်းခံခဲ့ပြီးနောက် ကောင်းကင်တမန်များက တမန် တော်များထံ ဤသို့ကြွေးကြော်ခဲ့ကြသည်။ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ မျှော်ကြည့်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ ၍ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ကြွသွားတော်မူသည်နည်းတူ၊ တဖန်ကြွလာ တော်မူလတံ့ဟု ပြောဆို၏” (တမန် ၁း၁၁)။ ဇာခရိ ၁၄း၄ထဲတွင် သခင်ယေရှုဒုတိယအကြိမ်ကြွ လာမည့်နေရာကို ဖော်ပြထားပါသည်။ မဿဲ ၂၄း၃၀ ထဲတွင် “ထိုအခါလူသား၏နိမိတ်လက္ခဏာ သည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလူအပေါင်းတို့သည် ငိုကြွေမြည်တမ်းကြ၍၊ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ်ကိုစီး၍ကြွလာတော် မူသည်ကို မြင်ရကြလိမ့်မည်” ဟုဖော်ပြထားပါသည်။ တိတု ၂း၁၃ ထဲတွင် သခင်ယေရှု၏ဒုတိယ အကြိမ်ကြွလာခြင်းကို “ဘုန်းတန်ခိုးအာနုဘော်တော်အားဖြင့်ထင်ရှားခြင်း” ဟုဖော်ပြထားပါသည်။ဗျာဒိတ် ၁၉း၁၁-၁၆ ထဲတွင် ဒုတိယအကြိမ်ကြွလာခြင်းအကြောင်းကို စုံလင်စွာဖြင့်ဖော်ပြထားပါ သည်။ “ထိုအခါကောင်းကင်ဘုံဖွင့်လှစ်လျက်ရှိသည်ကို ငါမြင်လျှင်၊ မြင်းဖြူရှိ၏။ မြင်းစီးသောသူ သည် သစ္စာဟူသောအမည်၊ သမ္မာဟူသောအမည်ရှိသတည်း။ ထိုသူသည် တရားသဖြင့်စီရင်တတ် ၏။ တရားသဖြင့်စစ်တိုက်တတ်၏။ မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ်၏။ ခေါင်းတော်ပေါ်၌ သရ ဖူများကို ဆောင်း၏။ ကိုယ်တိုင်မှတပါး၊ အဘယ်သူမျှမသိသောနာမတော်သည် ရေးထားလျက်ရှိ ၏။ အသွေး၌နှစ်ပြီးသောအဝတ်ကိုဝတ်၏။ ဘုရားသခင်၏နှုတ်ကပတ်တော်ဟူသော အမည်ရှိ၏။ ကောင်းကင်ဗိုလ်ခြေတို့သည် မြင်းဖြူကိုစီးလျက်၊ စင်ကြယ်သောပိတ်ချောဖြူကိုဝတ်လျက်၊ နောက်တော်သို့လိုက်ကြ၏။ လူမျိုးတို့ကို ဒဏ်ခတ်စရာဘို့၊ ထက်သောသန်လျက်သည် ခံတွင်းတော်ထဲက ထွက်၏။ သူတို့ကို သံလှံတံနှင့် အုပ်စိုးတော်မူမည်။ အနန္တတန်ခိုးနှင့်ပြည့်စုံ တော်မူသော ဘုရားသခင်၏ဒေါသအမျက်တော်၏ စပျစ်နယ်ရာတန်ဆာကို ဖိနင်းတော်မူမည်။ ဘု ရင်တို့၏ဘုရင်၊ သခင်တို့၏သခင် ဟု ဘွဲ့နာမတော်သည် အဝတ်တော်၌၄င်း၊ ပေါင်တော်၌ ၄င်း ရေးထားလျက်ရှိ၏။”

.........................................................

အနှစ်တစ်ထောင်အုပ်စိုးခြင်းသည် အဘယ်နည်း။ ၄င်းကို တကယ့်အဖြစ်အပျက် အဖြစ် နားလည်သဘောပေါက်ရမည်လော။

ေမးခြန္း: အနှစ်တစ်ထောင်အုပ်စိုးခြင်းသည် အဘယ်နည်း။ ၄င်းကို တကယ့်အဖြစ်အပျက် အဖြစ် နားလည်သဘောပေါက်ရမည်လော။

 

အေျဖ: အနှစျတစျထောငျအုပျစိုးခွငျးသည် ခရစ်တော်က ဤလောကတွင် အနှစ်တစ်ထောင်အုပ် စိုးခြင်းကို ဖော်ပြလိုခြင်းဖြစ်သည်။ အချို့သောသူများက အနှစ်တစ်ထောင်ကို ပုံဥပမာအဖြစ် ဘာသာပြန်ဆိုကြသည်။ အချို့သောသူများက အနှစ်တစ်ထောင်ကို “ရှည်လျားသောကာလတစ်ခု” ဖော်ပြလိုခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ထိုကာသည် ခရစ်တော်အုပ်စိုးသောကာလဖြစ်ကာ အနှစ်တစ်ထောင်သည် တကယ့်အနှစ်တစ်ထောင်မဟုတ်ပေဟု ယုံကြည်ကြသည်။ သို့သော် ဗျာဒိတ် ၂ဝး၂-၇ ထဲတွင် အနှစျတစျထောငျအုပျစိုးခွငျးသည် အနှစ်တစ်ထောင်ဖြစ်ကြောင့်ကို တိတိ ကျကျ ဖော်ပြထားပါသည်။ ဘုရားသခင်က “ရှည်လျားသောကာလ” ကိုဖော်ပြလိုလျှင် သူက အချိန်ကို တိတိကျကျ ဖော်ပြလိမ့်မည်မဟုတ်ပေ။ခရစ်တော်တဖန်ပြန်ကြွလာသောအခါ သူသည် သူကိုယ်တိုင် ရှင်ဘုရင်အဖြစ် ယေရုရှလင်မြို့ရှိ ဒါ၀ိဒ်၏ပလ္လင်တော်ပေါ်တွင် ထိုင်ရလိမ့်မည် ဟု သမ္မာကျမ်းစာထဲတွင် ဖော်ပြထားပါသည် (လုကာ ၁း၃၂-၃၃)။ အခြေအနေပေါ်တွင် မမူတည်သော ပဋိညာဉ်က ခရစ်တော်သည် ဤလောကသို့တ ဖန်ကြွလာ၍ အနှစ်တစ်ထောင်အုပ်စိုးမည် ဟု ဖောပြထားပါသည်။ အာဗြဟံနှင့်ချုပ်ဆိုသော ပဋိညာဉ်စာခုုပ်ထဲတွင် ဣသရေလလူမျိုးများအတွက် နယ်မြေ၊ ပစ္စည်းဥစ္စာဓန၊ နှင့် အုပ်ချုပ်သူ၊ ၀ိ ညာဉ်ပိုင်းဆိုင်ရာကောင်းကြီးမင်္ဂလာ (ကမ္ဘာ ၁၂း၁-၃) များကို ဂတိပေးထားသည်။ ဖိလစ်တိုင်းနှင့် ချုပ်ဆိုထားသော စာချုပ်ထဲတွင် ဣသရေလလူများများသည် မိမိနယ်မြေ၌ပြန်စုံစည်းမည့်အ ကြောင်းနှင့် နယ်မြေကို ပြန်လည်သိမ်းယူမည့်အကြောင်း (တရားဟော ၃ဝး၁-၁၀) ဂတိပြုထားပါသည်။ ဒါ၀ိဒ်နှင့်ချုပ်ဆိုသောစာချုပ်ထဲတွင် ဣသရေလလူမျိုးများအတွက် ခွင့်လွှတ် ခြင်းအကြောင်းများကို ဖော်ပြထားပါသည်။ ထိုသို့ခွင့်လွှတ်ခြင်းအားဖြင့် သူတို့သည် ကောင်းကြီး မင်္ဂလာခံစားကြမည်ဖြစ်သည် (ယေရမိ ၃၁း၃၁-၃၄)။သခင်ယေရှုဒုတိယအကြိမ်ကြွလာသောအခါ ထိုပဋိညာဉ်များသည် ပြည့်စုံသွားမည်ဖြစ်သည်။ ဣသရေလလူမျိုးများသည် လူမျိုးအသီးသီးမှ ပြန်လည်စုရုံးကြကာ (မဿဲ ၂၄း၃၁) သူတို့သည် ပြောင်းလဲကြ၍ (ဇာခရိ ၁၂း၁၀-၁၄)မေရှီယဖြစ်သော သခင်ယေရှုခရစ်တော်၏အုပ်စိုးမှုအောက် တွင် ပြန်လည်စုရုံးကြမည်ဖြစ်သည်။ အနှစျတစျထောငျအုပျစိုးခွငျးသည် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ နှင့် ၀ိညာဉ်ပိုင်းဆိုင်းရာပြည့်စုံခြငး်ဖြစ်လိမ့်မည်ဟု သမ္မာကျမ်းစာထဲတွင် ဖော်ပြထားပါသည်။ ထိုအချိန် သည် ငြိမ်းချမ်းသောအချိန် (မိက္ခာ ၄း၂-၄၊ ဟောရှာယ ၃၂း၁၇-၁၈)၊ ပျော်ရွှင်သောအချိန် (ဟေရှာ ၆၁းရ၊ ၁၀)၊ နှစ်သိမ့်မှုခံယူသောအချိန် (ဟောရှာယ ၄ဝး၁-၂)၊ ဆင်းရဲခြင်း၊ ဖျားနာခြင်းမရှိသောအ ချိန် (အာမုတ် ၉း၁၃-၁၅၊ ယောလ ၂း၂၈-၂၉) ဖြစ်သည်။ အနှစ်တထောင်အုပ်စိုးခြင်းထဲတွင် ယုံ ကြည်သူများသာ ဝင်ရောက်ရမည်ဟု သမ္မာကျမ်းစာက ဖော်ပြထားပါသည်။ အဘယ်ကြောင့်ဆို သော် ထိုအချိန်သည် ပြီးပြည့်စုံသော ဖြောင့်မတ်ခြင်း (မဿဲ ၂၅း၃၇၊ ဆာလံ ၂၄း၃-၄)၊ နာခံခြင်းရှိ ခြင်း (ယေရမိ ၃၁း၃၃)၊ သန့်ရှင်းခြင်း (ဟေရှာယ ၃၅း၈)၊ သမ္မာတရားနှင့်ပြည့်စုံခြင်း (ဟေရှာယ ၆၅း၁၆) နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ပြည့်စုံးသောအမှုပြုခြင်း (ယောလ ၂း၂၈-၂၉) စသည့် တို့ဖြစ်ပေါ်သောအချိန်ဖြစ်သည်။ ခရစ်တော်သည် ဒါ၀ိဒ်မင်းကြီးနေရာတွင် ထိုင်၍ (ယေရမိ ၃၃း၁၅-၃၁၊ အာမုတ် ၉း၁၁) ရှင်ဘုရင်တပါးကဲ့သို့အုပ်စိုးမည်ဖြစ်သည် (ဟေရှာယ ၉း၃-၇၊ ၁၁း၁-၁၀)။ မြင့်မြတ်သောသူများနှင့် အခြားသောဘုရင်များကလည်း အုပ်စိုးပါလိမ့်မည် (ဟေရှာယ ၃၂း၁၊ မဿဲ ၁၉း၂၈)။ ထို့ပြင် ယေရုရှလင်မြို့သည် တစ်ကမ္ဘာလုံး၏ နိုင်ငံရေးနှင့်ပတ်သက် သော ဌာနချုပ်ဖြစ်ပါလိမ့်မည် (ဇာခရိ ၈း၃)။ဗျာဒိတ် ၂ဝး၂-၇ ထဲတွင် အနှစ်တစ်ထောင်အုပ်စိုးခြင်းနှင့်ပတ်သက်၍နိဒါန်းဖော်ပြထားပါသည်။ ဤ ကျမ်းပိုဒ်ကလွှဲ၍ မေရှီယ၏အနှစျတစျထောငျအုပျစိုးခွငျးအကြောင်းကို ဖော်ပြသော ကျမ်းပိုဒ်အမြား အပြားတို့ကို သမ္မာကျမ်းစာထဲတွင် တွေ့ရှိနိုင်ပါသည်။ ဘုရားသခင်၏ပဋိညာဉ်များနှင့် ဂတိတော် များသည် မျက်ဝါးထင်ထင်၊ ရုပ်ခန္ဓာနှင့်အနာဂတ်နိုင်ငံအတွက် ပြည့်စုံမှုများစွာရှိသည်ကို တွေ့ရှိ နိုင်ပါသည်။ ခရစ်တော်၏အနှစ်တစ်ထောင်အုပ်စိုးခြင်းနှင့်ပတ်သက်၍၊ အနှစ်တစ်ထောင်အုပ်စိုး ခြင်းသည် ပုံဆောင်ချက်ဖြစ်၍ တကယ့်အဖြစ်အပျက်မဟုတ်ကြောင်း ငြင်းဆိုဖွယ်မရှိပေ။

........................................................................

ကောင်းကင်တမန်အကြောင်းကို သမ္မာကျမ်းစာထဲတွင် မည်ကဲ့သို့ဖော်ပြထား သနည်း။

မေးခြင်း/ကောင်းကင်တမန်အကြောင်းကို သမ္မာကျမ်းစာထဲတွင် မည်ကဲ့သို့ဖော်ပြထား သနည်း။

အေျဖ: ကောင်းကင်တမန်များသည် တွေးတောစဉ်းစားတတ်သောစိတ်၊ ဝမ်းနည်းဝမ်းမြောက် တတ်သောစိတ်၊ ဆင်ခြင်ဆုံးဖြတ်တတ်သောစိတ် စသည်တို့ကို ပိုင်ဆိုင်သော ၀ိညာဉ်များဖြစ်ကြ သည်။ ကောင်းသောကောင်းကင်တမန်နှင့်ဆိုးသောကောင်းကင်တမန်ဟူ၍ နှစ်မျိုးရှိသည်။ ကောင်းကင်တမန်များက ဉာဏ်ပညာပိုင်ဆိုင်ကြသည် (မဿဲ ၈း၂၉၊ ၂ကော ၁၁း၃၊ ၁ပေ ၁း၁၂)။ သူတို့သည် စိတ်ခံစားချက်များကို ထင်ရှားစေခဲ့ကြသည် ( လုကာ ၂း၁၃၊ ယာကုပ် ၂း၁၉၊ ဗျာ ၁၂း၁၇)။ သူတို့သည် မိမိဆန္ဒအလျောက်ပြုကြသည် (လုကာ ၈း၂၈-၃၁၊ ၂တိ၂း၂၆၊ ယုဒ ၆)။ ကောင်းကင်တမန်များသည် စစ်မှန်သောကိုယ်ခန္ဓာမရှိသော ၀ိညာဉ်များဖြစ်ကြသည် (ဟေဗြဲ ၁း၁၄)။ ကောင်းကင်တမန်များသည် ရုပ်ခန္ဓာကိုယ်မရှိသော်လည်း လူပုဂ္ဂိုလ်များဖြစ်ကြသည်။

ကောင်းကင်တမန်များသည် ဖန်ဆင်းထားသောသူများဖြစ်ကြသောကြောင့် သူတို့၏သိရှိခြင်းပညာ သည် အကန့်အသတ်ရှိသည်။ သူတို့သည် ဘုရားသခင်ကဲ့သို့ အရာအားလုံးကို မသိနိုင်ဟု ဖော် ပြလိုခြင်းဖြစ်သည် (မဿဲ ၂၄း၃၆)။ သူတို့သည် လူသားများထက် ဉာဏ်ရည်ဉာဏ်တွေးပို၍ ထက်မြက်နိုင်သည်။ သို့သော်ထိုသို့ထက်မြက်ခြင်းသည် အောက်တွင်ဖော်ပြထားသော အချက် သုံးချက်ကြောင့်ဖြစ်သည်။ ပထမအနေဖြင့်၊ ကောင်းကင်တမန်များသည် လူသားများထက် ပို၍ထက်မြက်ရန်အတွက် ဖန်ဆင်းထားသောသူများဖြစ်ကြသည်။ ထိုကြောင့်သူတို့သည် မွေးရာပါ အသိပညာများနှင့် ကြွယ်ဝပြည့်စုံသည်။ ဒုတိယအနေဖြင့်၊ ကောင်းကင်တမန်များသည် သမ္မာကျမ်း စာအကြောင်းနှင့်လောကီရေးရာအကြောင်းအရာများကို လူသားများထက်ပို၍လေ့လာသည်။ ၄င်းမှ သူတို့သည် ပညာရရှိကြသည် (ယာကုပ် ၂း၁၉၊ ဗျာဒိတ် ၁၂း၁၂)။ တတိယအနေဖြင့်၊ ကောင်းကင် တမန်များသည် လူတွေ၏လှုပ်ရှားမှုများကို ကြာရှည်စွာလေ့လာစောင့်ကြည့်ခြင်းအားဖြင့် ပညာရ ယူကြသည်။ လူသားများကဲ့သို့ ကောင်းကင်တမန်များသည် အတိတ်ကာလအကြောင်း၊ သူတို့ တွေ့ကြုံခဲ့ပြီးသော အတွေ့အကြုံများမှ ပညာ သင်ယူ ရန် မလိုအပ်ပေ။ ထိုကြောင့် သူတို့သည် အခြေအနေများတွင် အခြားသူများက မည်ကဲ့သို့ပြုကျင့်ခဲ့သည်ကို၄င်း၊ မည်သို့ကျင့်ရဦးမည်ကို ၄င်း၊ သိရှိခဲ့ကြသည်။ သူတို့သည် နောင်လာလတံ့သောအချိန်များတွင် မည်သည့်အရာများဖြစ် ပျက် လိမ့်မည်ကို တိကျမှန်ကန်စွာ ကြိုတင်ဟောကြားနိုင်ကြခြင်းဖြစ်သည်။

ကောင်းကင်တမန်များသည် အခြားဖန်ဆင်းထားသောအရာများကဲ့သို့ ရွေးချယ်နိုင်ရန် ဆန္ဒရှိကြ သော်လည်း သူတို့သည် ဘုရားသခင်၏အလိုတော်အတိုင်းပြုရမည်ဖြစ်သည်။ ကောင်းသော ကောင်းကင်တမန်များသည် ယုံကြည်သူများကို ကူညီရန် ဘုရားသခင်က စေလွှတ်ခဲ့သည် (ဟေဗြဲ ၁း၁၄)။ သမ္မာကျမ်းစာထဲတွင်တွေ့ရသော ကောင်းကင်တမန်များ၏လှုပ်ရှားမှုများကို အောက်ပါ အတိုင်းတွေ့ရှိနိုင်ပါသည်။

သူတို့သည် ဘုရားသခင်ကို ချီးမွမ်းကြသည် (ဆာလံ ၁၄၈း၁-၂၊ ဟေရှာယ ၆း၃)။ သူတို့သည် ဘု ရားသခင်ကို ကိုးကွယ်ကြသည် (ဟေဗြဲ ၁း၆၊ ဗျာဒိတ် ၅း၈-၁၃)။ သူတို့သည် ဘုရားသခင်ပြုသော အမှုအတွက် ဝမ်းမြောက်ကြသည် (ယောဘ ၃၈း၆-၇)။ သူတို့သည် ဘုရားသခင်၏အစေကိုခံခဲ့ကြ သည် (ဆာလံ၁၀၃း၂၀၊ ဗျာဒိတ် ၂၂း၉)။ သူတို့သည် ဘုရားသခင်၏ရှေ့မှောက်တွင် ထင်ရှားကြ သည် (ယောဘ ၁း၆၊ ၂း၁)။ သူတို့သည် ဘုရားသခင်၏တရားစီရင်ခြင်းအတွက် အသုံးတော်ခံ သောသူများဖြစ်ကြသည် (ဗျာဒိတ် ရး၁၊ ၈း၂)။ သူတို့သည် ဆုတောင်းခြင်းအဖြေကိုပေးကြသည် (တမန် ၁၂း၅-၁၀)။ သူတို့သည် ပျောက်ဆုံးသောသူများခရစ်တော်ထံသို့ပို့ဆောင်ခြင်းအတွက် လည်းအလုပ်လုပ်သည် (တမန် ၈း၂၆၊ ၁ဝး၃)။ သူတို့သည် ခရစ်ယာန်များ စနစ်တကျရပ်တည်မှု၊ လုပ်ဆောင်မှုနှင့် ခံစားချက်များကို ကြည့်ရှုစစ်ဆေးသည် (၁ကော ၄း၉၊ ၁၁း၁၀၊ ဧဖက် ၃း၁၀၊ ၁ ပေ ၁း၁၂)။ သူတို့က အခက်အခဲ ကြုံတွေ့သည့်အချိန်တွင် ခွန်အားပေးနှစ်သိမ့်သည် (တမန် ၂ရး၂၃-၂၄)။ သူတို့သည် ဖြောင့်မတ်သောသူများ သေဆုံးသောအခါ ပြုစုစောင့်ထိန်းပေးသည် (လုကာ ၁၆း၂၂)။

ကောင်းကင်းတမန်များသည် လောကီသားများနှင့် လုံးလုံးလျားလျား ခြားနားမှုရှိသည်။ လူသားများ သေဆုံးသောအခါ ကောင်းကင်တမန်များ လုံးဝမဖြစ်နိုင်ပေ။ ကောင်းကင်တမန်များသည်လည်း လူသားလုံးဝမဖြစ်နိုင်။ ဘုရားသခင်သည် လူသားများဖန်ဆင်းသည့်နည်းတူ ကောင်းကင်တမန်များ ကိုလည်းဖန်ဆင်းခဲ့သည်။ သမ္မာကျမ်းစာထဲတွင် ကောင်းကင်တမန်များသည် ဘုရားသခင်၏ပုံ သဏ္ဌာန်တော်နှင့်အညီဖန်ဆင်းထားသည်ဟု ဖော်ပြခြင်းမရှိပေ။ လူသားများသည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်းထားခြင်းဖြစ်သည် (ကမ္ဘာ ၁း၂၆)။ ကောင်းကင်တမန်များသည် ၀ိညာဉ်များဖြစ်ကြသည်။ သူတို့သည် လိုအပ်သည့်အချိန်တွင် လူ့ခန္ဓာကိုယ်လည်းပိုင်ဆိုင်နိုင်ပါ သည်။ လူသားများသည် ရုပ်ခန္ဓာကိုယ်ပိုင်ဆိုင်သောသူများဖြစ်ကြသည်။ သို့သော် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ရောစပ်ခြင်းဖြစ်သည်။ သန့်ရှင်းသောကောင်းကင်တမန်များထံမှ ကျွနု်ပ်တို့သင်ယူနိုင် သော အကြီးမားဆုံးသော သင်ခန်းစာတစ်ခုသည် သူတို့သည် ဘုရားသခင်၏အမိန့်တော်ကို တစ်ချက်မလွှဲလိုက်နာသောသူများဖြစ်ကြသည်။

...........................................................................

ခရစ်ယာန်တစ်ဦးသည် နတ်ဆိုးစွဲနိုင်မည်လား။

ေမးခြန္း: ခရစ်ယာန်တစ်ဦးသည် နတ်ဆိုးစွဲနိုင်မည်လား။

အေျဖ: ခရစ်ယာန်တစ်ဦးသည် နတ်ဆိုးစွဲနိုင်သည်ဟု သမ္မာကျမ်းစာထဲတွင် ကွက်ကွက်ကွင်း ကွင်းဖော်ပြထားခြင်းမရှိပေ။ ခရစ်ယာန်တစ်ဦးထဲတွင် သန့်ရှင်းသောဝိညာဉ်တော်ကျိန်းဝပ်ထားပါ သည် (ရောမ ၈း၉-၁၁၊ ၁ကော ၃း၁၆၊ ၆း၁၉)။ ထိုကြောင့်သန့်ရှင်းသောဝိညာဉ်တော်က သူကျိန်း ဝပ်သောယုံကြည်သူတစ်ဦး၏အထဲတွင် အခြားသူတစ်ဦးသည်လည်းကျိန်းဝပ်ရန် ခွင့်ပြုမည်မဟုတ် ပေ။ ကျွနု်ပ်တို့သည် တခါတရံ ခရစ်ယာန်တစ်ဦးသည် နတ်ဆိုးမစွဲနိုင်ဟု ခိုင်မာစွာဖြင့်ယုံကြည် ခြင်းရှိသော်လည်း ထိုအကြောင်းအရာနှင့်ပတ်သက်၍ ငြင်းဆိုဖွယ်ရာအမြောက်အမြားရှိသည်။ နတ်ဆိုးစွဲကပ်သူများနှင့် နတ်ဆိုနှိပ်စက်ခြင်းခံရသူတို့သည် လုံးလုံးလျားလျားကွာဟမှုရှိသည်ကို လည်းကျွနု်ပ်တို့ယုံကြည်ကြသည်။ နတ်ဆိုးစွဲခြင်းသည် လူတစ်ဦးတစ်ယောက်၏အတွေးအခေါ် (သို့) အပြုအမူများကို နတ်ဆိုးများက ထိန်းချုပ်ထားခြင်းကို ဆိုလိုသည် (လုကာ ၄း၃၃-၃၅၊ ၈း ၂၇-၃၃၊ မဿဲ ၁ရး၁၄-၁၈)။ နတ်ဆိုးနှင်းပမ်းနှိပ်စက်ခြင်းသည် နတ်ဆိုးများက လူတစ်ဦး၏ဘဝ တွင် မကောင်းသောအပြုအမူများ ကျင့်ကြံနိုင်ရန် သူတို့ကို အားပေးခြင်းနှင့် သူတို့၏စိတ်ဝိညာဉ် ထိန်းချုပ်ခြင်းများပါဝင်သည် (၁ပေ ၅း၈-၉၊ ယာကုပ် ၄းရ)။ ဓမ္မသစ်ကျမ်းထဲတွင် ၀ိညာဉ်ရေးရာ တိုက်ပွဲအကြောင်းဖော်ပြထားသည်ကို မှတ်ထားပါ။ ကျွနု်ပ်တို့သည် ယုံကြည်သူတစ်ဦးထံမှနတ် ဆိုးများမောင်းထုတ်ရမည် ဟု မပြောပေ (ဧဖက် ၆း၁၀-၁၉)။ ယုံကြည်များသည် နတ်ဆိုးများကို ခု ခံတိုက်လှန်ရမည်ဖြစ်သည် (၁ပေ ၅း၈-၉၊ ယာကုပ် ၄းရ)။ နတ်ဆိုးများကို မောင်းထုတ်ရန် မဟုတ် ပေ။

ဘုရားသခင်က ခရစ်တော်၏အသွေးတော်အားဖြင့်ဝယ်ယူပြီး၊( ၁ပေ ၁း၁၈-၁၉) အသစ်သော ဖန် ဆင်းခြင်းခံရသော ( ၁ကော ၅း၁၇) သူ၏သားသမီးများအားနတ်ဆိုးစွဲ၍ သူတို့၏အုပ်ချုပ်မှု အောက်တွင်အသက်ရှင်လှုပ်ရှားရန် ခွင့်ပြုမည်မဟုတ်ပေ။ ယုံကြည်သူများသည် စာတန်နှင့် သူ၏ အပေါင်းအသင်းများနှင့် အမြဲတမ်းတိုက်ခိုက်လျက်ရှိသည်။ သို့သော် ကျွနု်ပ်တို့အထဲတွင် စစ်ဆင် နွှဲခြင်းမျိုးမဟုတ်ပေ။ တမန်တော်ရှင် ယောဟန်က ဤကဲ့သို့ဖော်ပြထားပါသည်။ “ချစ်သားတို့၊ သင်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်ကြ၏။ ထိုသူတို့ကိုလည်းအောင်ကြပြီ။ အကြောင်းမူကား၊ သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက် သာ၍ကြီးတော်မူ၏” (၁ယော ၄း၄)။ ကျွနု်ပ်တို့အထဲတွင် ရှိသောသူသည် မည်သူဖြစ်သနည်း။ သန့်ရှင်းသောဝိညာဉ်တော်ဖြစ် သည်။ လောကထဲတွင် ရှိသောသူသည် မည်သူဖြစ်သနည်း။ စာတန်နှင့်သူ၏အပေါင်းအဖော်များ ဖြစ်ကြသည်။ ထို့ကြောင့်ယုံကြည်သူတစ်ဦးသည် စာတန်မာရ်နတ်အုပ်စိုးသောလောကကို အောင် ကြသည်။ ယုံကြည်သူများနတ်ဆိုးစွဲခြင်းသည် သမ္မာကျမ်းစာဖော်ပြချက်နှင့်ညီညွတ်မှုမရှိပေ။

သမ္မာကျမ်းစာက နတ်ဆိုးများအကြောင်းကို မည်သို့ဖော်ပြထားသနည်း။

...................................................................................................................

မေးခြင်း/  သမ္မာကျမ်းစာက နတ်ဆိုးများအကြောင်းကို မည်သို့ဖော်ပြထားသနည်း။

အေျဖ: ဗျာဒိတ် ၁၂း၉ ထဲတွင် နတ်ဆိုးများအကြောင်း သိရှိရန် အတိအလင်းဖော်ပြထားပါသည်။ “ထိုအခါ၊ ဤလောကတနိုင်ငံလုံးကို လှည့်ဖြား၍၊ မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်း တည်းဟူသော နဂါးကြီးကို၄ငး်၊ သူနှင့်အတူသူ၏တမန်တို့ကို၄င်း၊ မြေကြီးသို့ချလိုက်ကြ၏။” စာတန်ကျဆင်းခြင်းအကြောင်းကို ဟေရှာယအနာဂတ္တိကျမ်း ၁၄း၁၂-၁၅ နှင့် ယေဇကျေလအနာ ဂတ္တိကျမ်း ၂၈း၁၂-၁၅ ထဲတွင် ပုံဆောင်ဖော်ပြထားပါသည်။ ဗျာဒိတ် ၁၂း၄ ထဲတွင် ဖော်ပြချက် သည် စာတန်သည် အပြစ်ပြုသည့်အချိန်တွင် ကောင်းကင်တမန် သုံးပုံတစ်ပုံသည်လည်း သူနှင့် အတူပစ်ချခြင်းခံကြောင်း တွေ့ရှိနိုင်ပါသည်။ ယုဒ အခန်းကြီး ၆ ထဲတွင် အပြစ်ပြုသောကောင်း ကင်တမန်အကြောင်းကို ဖော်ပြထားပါသည်။ နတ်ဆိုးများသည် ဘုရားသခင်ကို ဆန့်ကျင်ပြီး၊ စာတန်နှင့်တူကောင်းကင်မှပစ်ချခြင်းခံသော ကောင်းကင်တမန်များဖြစ်ကြသည်။ယခု စာတန်နှင့်သူအပေါင်းအသင်းများက ဘုရားသခင်ကို ရှာဖွေကိုးကွယ်သောသူများကို လိမ်ညာ ကာဖျက်ဆီးရန် ကြိုးပမ်းနေသည် (၁ပေ ၅း၈၊ ၂ကော ၁၁း၁၄-၁၅)။ နတ်ဆိုးများသည် ၀ိညာဉ်ဆိုး (မဿဲ ၁ဝး၁)၊ ညစ်ညမ်းသောဝိညာဉ်များ (မာကု ၁း၂၇)၊ စာတန်၏ကောင်းကင်တမန်များ (ဗျာဒိတ် ၁၂း၉) အဖြစ်ဖော်ပြထားသည်။ စာတန်နှင့် သူ၏နောက်လိုက်များက လူတွေကို လိမ်ညာ ကြသည် (၂ကော ၄း၄)။ ခရစ်ယာန်များကို တိုက်ခိုက်၍ (၂ကော ၁၂းရ၊ ၁ပေ ၅း၈)၊ သန့်ရှင်း သောဝိညာဉ်တော်များကို တိုက်ခိုက်ကြသည် ( ဗျာ ၁၂း၄-၉)။ နတ်ဆိုးများသည် ၀ိညာဉ်များ ဖြစ်ကြ သော်လည်း လူခန္ဓာကိုယ်ကဲ့သို့ထင်ရှားနိုင်သည် (၂ကော ၁၁း၁၄-၁၅)။ နတ်ဆိုးများသည် ဘုရား သခင်၏ရန်သူများဖြစ်ကြသည်။ သို့သော်သူတို့သည် ရှုံးနှိမ့်သောရန်သူများဖြစ်ကြသည်။ လောက မှာရှိသောသူများထက် ကျွနု်ပ်တို့အထဲ၌ရှိသောသူသည် ပို၍ကြီးသည် (၁ယော ၄း၄)။

ီီီီီီီီီီီီီီီီီီီီီီီီီီီီီီီီီီီီီီီီီီီီီီီီီီီီီိ

နတ်ဆိုးစွဲခြင်းအကြောင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာက မည်ကဲ့သို့ဖော်ပြ ထားသနည်း။ ယနေ့ နတ်ဆိုးစွဲနိုင်ကြမည်လား။ စွဲနိုင်ကြလျှင် နတ်ဆိုးစွဲခြင်းလက္ခဏာများကို ဖော် ပြပါ။

ေမးခြန္း: နတ်ဆိုးစွဲခြင်းအကြောင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာက မည်ကဲ့သို့ဖော်ပြ ထားသနည်း။ ယနေ့ နတ်ဆိုးစွဲနိုင်ကြမည်လား။ စွဲနိုင်ကြလျှင် နတ်ဆိုးစွဲခြင်းလက္ခဏာများကို ဖော် ပြပါ။

 

အေျဖ: သမ္မာကျမ်းစာထဲတွင် နတ်ဆိုးရောဂါစွဲခြင်း(သို့) နတ်ဆိုးနှိပ်စက်ခြင်းသာဓကအချို့တို့ ကို ဖော်ပြထားပါသည်။ ထိုဥပမာများမှ နတ်ဆိုးများနှိပ်စက်ခြင်းသာဓကအချို့နှင့် နတ်ဆိုးများက လူတစ်ဦးမည်သို့အနိုင်ကျင့်နှိပ်စက်နိုင်ခြင်းများကို ကျွနု်ပ်တို့တွေ့နိုင်ပါသည်။ နတ်ဆိုးစွဲခြင်းနှင့် ပတ်သက်၍ သမ္မာကျမ်းစာထဲတွင် ဖော်ပြသောကျမ်းချက်များသည်- မဿဲ ၉း၃၂-၃၃၊ ၁၂း၂၂၊ ၁ရး၁၈၊ မာကု ၅း၁-၂၀၊ ရး၂၆-၃၀၊ လုကာ ၄း၃၃-၃၆၊ လုကာ ၂၂း၃၊ တမန် ၁၆း၁၆-၁၈။ အချို့သောကျမ်းပိုဒ်များတွင် နတ်ဆိုးရောဂါစွဲခြင်းကြောင့် စကားမပြောတတ်ခြင်း၊ ဝက်ရူးပြန်ရော ဂါစွဲခြင်း၊ မျက်စိကန်းခြင်းစသော ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ချို့တဲ့မှုများဖြစ်စေ တတ်သည်။ အခြားသောကစ္စများတွင် နတ်ဆိုးစွဲခြင်းကြောင်းဆိုးသွမ်းမှုများပြုကြသည်။ ယုဒရှာကရုသည် အဓိ က ဥပမာတစ်ခုဖြစ်သည်။ တမန်တော်ဝတ္တု ၁၆း၁၆-၁၈ ထဲတွင် ၀ိညာဉ်ဆိုးက ကျွန်မအမျိုးသမီး တစ်ဦးအား သူမကိုယ်တိုင်သင်ယူခြင်းထက်သာလွန်သော အရာများဖော်ပြပေးနိုင်သော ပညာကို ပေးထားခဲ့သည်။ ဂါဒလပြည်တွင်ရှိသောနတ်ဆိုးစွဲသောသူသည် လေဂေါင် ခေါ် နတ်ဆိုးအမြားအ ပြားတို့သည် သူ့အထဲတွင်ရှိသည်။ သူသည် သာမန်လူတစ်ဦးထက်ခွန်အားရှိပြီး၊ သချႋုင်းကုန်းများ တွင် အဝတ်မပါဘဲနေထိုင်ခဲ့သည်။ ရှောလုရှင်ဘုရင်သည် ဘုရားသခင်ကို ဆန်ကျင်ဘက်ပြုခဲ့ပြီး သည့်နောက် နတ်ဆိုးများက သူ့ကို နှောက်ယှက်ခဲ့ကြသည် (၁ဓမ္မ ၁၆း၁၄၊ ၁၅၊ ၁၈း၁၀-၁၁၊ ၁၉း၉ -၁၀)။ ထို့ကြောင့်သူသည် အလွန်စိတ်ဆန္ဒပြင်းပြလာခဲ့ကာ ဒါ၀ိဒ်ကို ပို၍သတ်လိုခဲ့သည်။ထိုကြောင့် နတ်ဆိုးစွဲခြင်းနှင့်ပတ်သက်၍ ဖော်ပြထားသော သာဓကများစွာရှိသည်။ ဥပမာအားဖြင့်၊ စိတ်ရူးသွပ်သဖြင့် ခန္ဓာကိုယ်မထိန်းချုပ်နိုင်အောင်ဖြစ်ခြင်း၊ စိတ်ပုံမှန်မဟုတ်သောကြောင့် စိတ်ဆင်းရဲခြင်းနှင့်စိတ်ဓါတ်ကျခြင်းများကို ခံစားခြင်း၊ အလွန်အားသန်ခြင်း၊ ရိုင်းရှိုင်းခြင်း၊ အကျင့် စာရိတ္တပျက်ပြားခြင်း၊ သဘာဝတရားအားဖြင့်မသိနိုင်သောအရာများကို ဝေငှနိုင်စွမ်းရှိခြင်း စသည် တို့ဖြစ်သည်။ သို့ရာတွင် ထိုသို့သောလက္ခဏာရှိသောသူများသည် နတ်ဆိုးစွဲသည်ဟု အထစ်ကျ ပြော၍မရသည် ကို မှတ်သားဖွယ်ရာဖြစ်သည်။ ထိုကြောင့် ဝမ်းနည်းသောသူများ (သို့) စိတ်မမှန် စိတ်ဓါတ်ကျသောသူများသည် နတ်ဆိုးစွဲသည်ဟု မပြောနိုင်ပေ။ တနည်းအားဖြင့်၊ အနောက်တိုင်း သားများသည် နတ်နှင့်ပတ်သက်သောအတတ်ပညာ၊ စုန်းအတတ်စသည်တို့ကို လူတစ်ဦး၏အ သက်တာတွင် များစွာမတွေ့ရပေ။ကိုယ်ခန္ဓာ (သို့) စိတ်ပိုင်းဆိုင်းချို့ယွင်းချက်သည် နတ်ဆိုးစွဲသောကြောင့်ဖြစ်သည်ဟု လူတစ်ဦးက ပြောနိုင်ပေသည်။ ထိုသို့စွပ်စွဲခြင်းသည် ခွင့်လွှတ်ခြင်းတရားမရှိခြင်း (၂ကော ၂း၁၀-၁၁)၊ အဓိကအားဖြင့်၊ သခင်ယေရှုခရစ်တော်နှင့် သူ၏အပြစ်ဖြေလွှတ်ခြင်းဆိုင်ရာ လုပ်ဆောင် ချက်များနှင့် ပတ်သက်သော မမှန်သောခံယူချက်များကို ယုံကြည်စွဲကိုင်သူများဖြစ်သည် (၂ကော ၁၁း၃-၄၊ ၁၃-၁၅၊ ၁တိ ၄း၁-၅၊ ၁ယော ၄း၁-၃)။ခရစ်ယာန်များ၏အသက်တာထဲတွင် နတ်ဆိုးများပါဝင်နိုင်ခြင်းနှင့်ပတ်သက်၍ တမန်တော်ရှင်ပေ တာရုကို ကြည့်လျှင် ခရစ်ယာန်တစ်ဦးသည် နတ်ဆိုးများက လွှမ်းမိုးနိုင်သည်ဟု ဖော်ပြပေးသော သာဓကဖြစ်သည်(မဿဲ ၁၆း၂၃)။ နတ်ဆိုးဝိညာဉ်ဆိုးများနှိပ်စက်ခြင်းခံသောသူများသည် “နတ် ဆိုး” စွဲသောသူများဖြစ်ကြသည်ဟု အချို့သောသူများက ပြောတတ်ကြသည်။ သို့သော် ခရစ် တော်ထဲ၌ ရှိသောယုံကြည်သူတစ်ဦးသည် နတ်ဆိုးစွဲနိုင်သည်ဟု သမ္မာကျမ်းစာထဲတွင် ဖော်ပြပေး နိုင်သော သာဓက မတွေ့နိုင်ပေ။ သီအိုလျော်ဂျီတတ်ကျွမ်းသော ပုဂ္ဂိုလ်များက ခရစ်ယာန်များထဲ တွင် သန့်ရှင်းသောဝိညာဉ်တော်ကျိန်းဝပ်ပြီး (၂ကော ၁း၂၂၊ ၅း၅၊ ၁ကော ၆း၁၉) ဘုရားသခင်၏ ၀ိညာဉ်တော်က နတ်ဆိုးများကို နေရာပေး၍အတူတကွမနေထိုင်လိုသောကြောင့် ခရစ်ယာန်များ သည် နတ်ဆိုးမစွဲနိုင်ကြပေဟု ယုံကြည်ခဲ့ကြသည်။လူတစ်ဦးသည် နတ်ဆိုးစွဲရန်မည်သို့ ခွင့်ပြုထားသည်ကို ကျွနု်ပ်တို့မသိရပေ။ ယုဒရှာကာရုတ်ကို ကြည့်လျှင် သူသည် လောဘကြီးခြင်းအားဖြင့် သူ၏နှလုံးသားကို အပြစ်ပြုရန်ခွင့်လွှတ်ထားပါ သည် (ယောဟန် ၁၂း၆)။ ထိုကြောင့်လူတစ်ဦးသည် အပြစ်ပြုရန်အတွက် သူ၏နှလုံးသားခွင့်ပြု လျှင် ထိုသူသည် နတ်ဆိုးဝင်ရန် ခေါ်ဖိတ်ထားခြင်းဖြစ်သည်။ သာသနာပြုသူများအတွေ့အကြုံအ ရ ရုပ်ဝတ္ထုများကို ကိုးကွယ်သောသူများနှင့် စုန်းအတတ်များတွင် ရောနှောပါဝင်သောသူများသည် နတ်ဆိုးစွဲသောသူများဖြစ်သည်ကို သိရှိနိုင်သည်။ သမ္မာကျမ်းစာထဲတွင် ရုပ်တုကို ကိုးကွယ်သော သူများသည် နတ်ဆိုးများကို ကိုးကွယ်သောသူများဖြစ်သည်ဟု ဖော်ပြထားပါသည် ( ဝတ်ပြု ၁ရးရ၊ တရား ၃၂း၁၇၊ ဆာလံ ၁၀၆း၃၇၊ ၁ကော ၁ဝး၂၀)။ ထိုကြောင့် ရုပ်တုကို ကိုးကွယ်သောသူများ သည် နတ်ဆိုးစွဲသောသူများအဖြစ်ဖော်ပြခြင်းသည် မထူးဆန်းလှပေ။ထိုကြောင့် အထက်တွင်ဖော်ပြထားသော ကျမ်းပိုဒ်များနှင့် သာသနာလုပ်ငန်းလုပ်ဆောင်သူများ၏ အတွေ့အကြုံအရ အပြစ်အချို့ပြုရာတွင် ပါဝင်သောသူများ (သို့) စုန်းအတတ်တွင် ပါဝင်သောသူ များ ( တမင်သက်သက်ပါဝင်သောသူများ၊ မသိဘဲလျက်ပါဝင်သောသူများ) သည် သူတို့၏အ သက်တာကို နတ်နှင့်ဆိုင်သောလုပ်ဆောင်မှုများတွင် ပါဝင်ခြင်းဖြစ်ကြောင်းတွေ့ရှိနိုင်ပါသည်။ ၄င်း ထဲတွင် ကိုယ်ကျင့်တရားပျက်ပြားမှု၊ အရက်သေစာများကို အရူးအမူးသောက်သုံးခြင်း၊ ပုန်ကန် ထကြွခြင်း၊ ခါးသီးစွာပြောဆိုခြင်း၊ နှင့် အလွန်အကျွံတွေးတောခြင်းစသည်တို့ပါဝင်သည်။အခြားသော ယူဆချက်အချို့တို့ကို လည်းပါဝင်သည်။ စာတန်နှင့် ၄င်း၏အပေါင်းအဖော်များသည် ဘုရားသခင်၏ခွင့်ပြုချက်မပါဘဲ မည်သည့်အရာတစုံတခုမျှမပြုနိုင်ပေ (ယာကုပ် ၁-၂)။ ယုဒရှကာရုတ်သည် သခင်ယေရှုကို ရောင်းစားနိုင်သည့်ကိစ္စကဲ့သို့၊ စာတန်သည် မိမိ၏ ရည်ရွယ်ချက်များကို အောင်မြင်သည်ဟု သူ့ကိုယ်သူယူဆသော်လည်း သူ၏လုပ်ရပ်ကြောင့် ဘုရားသခင်၏ကောင်းသောရည်ရွယ်ချက်များ အောင်မြင်ကြောင်း တွေ့ရှိနိုင်ပါသည်။ အချို့သော သူများသည် စုန်းအတတ်နှင့် နတ်နှင့်ဆိုင်သောလုပ်ဆောင်မှုများအားဖြင့် စိတ်ဒုက္ခရောက်တတ် ကြသည်။ ထိုသို့ပြုခြင်းသည် မိုက်မဲမှုနှင့် သမ္မာကျမ်းစာနှင့်ကိုက်ညီမှုမရှိသောလုပ်ဆောင်ချက်ဖြစ် သည်။ ကျွနု်ပ်တို့သည် ဘုရားသခင်ကို ဆက်ကပ်သည်ဖြစ်စေ၊ ဘုရားသခင်၏ဝတ်လုံတော်ကို လွမ်းခြုံသည်ဖြစ်စေ၊ သူ၏ခွန်အားကို အားကိုးသည်ဖြစ်စေ( ဧဖက် ၆း၁၀-၁၈) ကျွနု်ပ်တို့သည် နတ်ဆိုးများကို ကြောက်ရွံ့ရန် မလိုအပ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က မကောင်းသော မနိဌါရုပ်များကို အောင်မြင်ခဲ့ပြီးဖြစ်သည်။

....................................................

                             စာတန်သည် မည်သူဖြစ်သနည်း။

ေမးခြန္း: စာတန်သည် မည်သူဖြစ်သနည်း။

အေျဖ: အချို့သောသူများ၏ယုံကြည်ခြင်းထဲတွင် စာတန်မာရ်နတ်သည် မကောင်းသောသူအ ဖြစ်ယုံကြည်ကြသည်။ သူသည် နီရဲသောအရောင်ဖြင့်သင်၏ပခုံးပေါ်တွင် ဦးချိုနှင့် ထိုင်၍ သင့်ကို အပြစ်ပြုရန် စေခိုင်းသော နတ်ဆိုးဖြစ်သည်ဟု ယူဆကြသည်။ သူသည် ဒုစရိုက်အပြစ်အားလုံးတို့ ၏မူလဇစ်မြစ်ဖြစ်သည်ဟု ထင်တတ်ကြသည်။ သို့သော်သမ္မာကျမ်းစာထဲတွင် စာတန်သည်မည် သူဖြစ် ကြောင်းကို၄ငး်၊ ကျွနု်ပ်တို့၏အသက်တာမည်သို့လွှမ်းနိုင်ကြောင်းကို ၄င်း ဖော်ပြထားပါ သည်။ သမ္မာကျမ်းစာထဲတွင် စာတန်သည် အပြစ်ကြောင့် ကောင်းကင်ပေါ်မှကျဆင်းလာသော ကောင်းကင်တမန်ဖြစ်ကြောင်းနှင့် သူသည် ဘုရားသခင်နှင့် ဘုရားသခင်၏ရည်ရွယ်ချက်များကို ဖျက်ဆီးရန် တန်ခိုးနှင့်လုပ်ဆောင်သူဖြစ်ကြောင်း ဖော်ပြထားပါသည်။

စာတန်သည် သန့်ရှင်းသော ကောင်းကင်တမန်အဖြစ် ဖန်ဆင်းခြင်းခံသော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ ဟေရှာယ ၁၄း၁၂ ထဲတွင် စာတန်သည် ကောင်းကင်မှ ပစ်ချခြင်းမခံမီ သူ့ကို လူစီဖါကောင်းကင် တမန် ဟုခေါ်သည်။ ယေဇကျေလ ၂၈း၁၂-၁၄ ထဲတွင် စာတန်သည် အမြင့်မြတ်ဆုံးကောင်းကင် တမန်၊ ခေရုဗိမ်အဖြစ်ဖန်ဆင်းခြင်းခံရသောသူဖြစ်သည် ဟု ဖော်ပြထားပါသည်။ သူသည် မိမိ လှပမှုကို ၀ါကြွားကာ သူ၏ပလ္လင်တော်ကို ဘုရားသခင်ပလ္လင်တော်အထက်တွင် တင်ထားမည်ဟု ဆုံးဖြတ်ခဲ့သည် (ဟေရှာယ ၁၄း၁၃-၁၄၊ ယေဇကျေလ ၂၈း၁၅၊ ၁တိ ၃း၆)။ စာတန်သည် သူ၏ မာန်မာနထောင်လွှားမှုကြောင့် ပစ်ချခြင်းခံခဲ့သည်။ ဟေရှာယ ၁၄း၁၂-၁၅ ထဲတွင် “ငါလုပ်မည်” ဟူသော စကားစုဖော်ပြချက်များကို တွေ့ရှိနိုင်သည်။ စာတန်သည်သူ၏အပြစ်ကြောင့် ဤလော ကသို့ပစ်ချခြင်းခံခဲ့ရသည်။

စာတန်သည် ဤလောက၏အစိုးရသောသူနှင့် အာကာသကောင်းကင်၏အစိုးရသောမင်းဖြစ်သည် (ယောဟန် ၁၂း၃၁၊ ၂ကော ၄း၄၊ ဧဖက် ၂း၂)။ သူသည် ပြစ်တင်ဝေဖန်သူ (ဗျာဒိတ် ၁၂း၁၀)၊ စုံးစမ်းနှောက်ယှက်သူ (မဿဲ ၄း၃၊ ၁သက် ၃း၅)၊ လိမ်ညာလှည့်ဖြားသူ (ကမ္ဘာ ၃၊ ၂ ကော ၄း၄၊ ဗျာဒိတ် ၂ဝး၃)ဖြစ်သည်။ သူ့နာမည်၏အဓိပ္ပါယ်သည် “ရန်သူ” (သို့) “ပုန်ကန်သူ” ဖြစ်သည်။ အခြားသောသူ၏နာမည်၊ စာတန် ၏အဓိပ္ပါယ်သည် “သတ်ဖြတ်သူ” ဖြစ်သည်။

သူသည် ကောင်းကင်မှပစ်ချခြင်းခံခဲ့ရသော်လည်း သူသည် မိမိပလ္လင်ကို ဘုရားသခင်ထက်မြင့် သောနေရာတွင် တင်ထားလိုသည်။ သူသည် ဘုရားသခင်ပြုသမျှအားလုံးအတုခိုးသည်။ လူတွေက သူ့ကို ကိုးကွယ်လိမ့်မည်ဟုယုံကြည်ကာ သူသည် ဘုရားသခင်၏နိုင်ငံတော်ကို အံတု ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ စာတန်သည် မှားယွင်းသောအယူဝါဒနှင့် မှားယွင်းသော ဘာသာတရားတို့၏ ဖြစ်လာရာ မူလဇစ်မြစ်ဖြစ်သည်။ စာတန်သည် ဘုရားခင်နှင့် ဘုရားသခင်ကို နောက်လိုက်သောသူများကို ပုန်ကန်နိုင်သော အရာများအားလုံးကို သူ၏တန်ခိုးဖြင့် ပြုနိုင်သည်။ သို့သော် စာတန်၏နောက်ဆုံးပန်းတိုင်သည် ထာဝရငရဲမီးအိုင်ဖြစ်သည် (ဗျာဒိတ် ၂ဝး၁၀)။

ကမ္ဘာဦးကျမ်း ၆း၁-၄ ထဲတွင် ဖော်ပြထားသော ဘုရားသခင်၏သားများနှင့် လူ၏သမီးများသည် မည်သူများဖြစ်ကြသနည်း။

ေမးခြန္း: ကမ္ဘာဦးကျမ်း ၆း၁-၄ ထဲတွင် ဖော်ပြထားသော ဘုရားသခင်၏သားများနှင့် လူ၏သမီးများသည် မည်သူများဖြစ်ကြသနည်း

အေျဖ: ကမ္ဘာဦးကျမ်း ၆း၁-၄ ထဲတွင် ဘုရားသခင်၏သားများနှင့်လူ၏သမီးများအကြောင်းကို ဖော်ပြထားပါသည်။ ဘုရားသခင်၏သားများသည် မည်သူတွေဖြစ်သည်ကို၄ငး်၊ သူတို့သည် လူ၏ သမီးများနှင့်အဘယ်ကြောင့်အိမ်ထောင်ပြု၍ ထွားကျိုင်းသန်မာသောသူများ မွေးဖွါးခဲ့ကြသည်ကို ၄င်း ယူဆချက်များစွာရှိသည်။ (ထိုကြောင့်ထွားကျိုင်းသန်မာသောသူများကိုnephilim စကား လုံးဖြင့် ဖော်ပြထားပါသည်။

ဘုရားသခင်၏သားများအသိအမှတ်ပြုနိုင်ရန် ရှုထောင့်သုံးခုရှိသည်။ ၄ငး်တို့မှာ ၁။ သူတို့သည် ကောင်းကင်မှပစ်ချခြင်းခံရသောကောင်းကင်တမန်များဖြစ်ကြသည်။ ၂။ သူတို့သည် တန်ခိုးကြီး သော အုပ်ချုပ်သူများဖြစ်ကြသည်။ ၃။ သူတို့သည် ဘုရားတရားကိုင်းရှိုင်းသော ရှေသ၏အမျိုးအ နွယ်များဖြစ်ကြကာ ဘုရားတရားမသိသော ကာဣန၏သားသမီးများနှင့်စုံဖက်ကြသည်။ ပထမနေ ဖြင့် ဓမ္မဟောင်းကျမ်းထဲတွင် “ဘုရားသခင်၏သားသမီးများ” ဟုဖော်ပြရာတွင် ကောင်းကင်တမန် များကို ရည်ညွှန်းလိုခြင်းဖြစ်သည်( ယောဘ ၁း၆၊ ၂း၁၊ ၃၈းရ)။ သို့သော် မဿဲ ၂၂း၃၀ ကိုကြည့်လျှင် ကောင်းကင်တမန်များသည် အိမ်ထောင်ပြုခြင်းမရှိပေဟု တွေ့ရှိနိုင်သည်။ သမ္မကျမ်းစာထဲတွင် ကောင်းကင်တမန်များသည် မျိုးဆက်သစ်ပြန့်ပွါးနိုင်ရန် သူတို့သည် အထီး အမသဘာဝမရှိပေ ဟုဖော်ပြထားပါသည်။ အခြားသောအချက်နှစ်ခုတို့သည် ဤပြသနာနှင့်ကင်း လွတ်သည်။

နံပါတ် ၂ နှင့် ၃ တို့၏ပြသနာသည် သာမန်အမျိုးသားများက သာမန်အမျိုးသမီးများနှင့်စုံဖက်၍ “ခွန်အားကြီးသောသူများ” (သို့) “ရှေးဟောင်း သူရဲကောင်းများ၊ ကျော်ကြားသောသူများ” အ ဘယ်ကြောင့်မွေးဖွွါးနိုင်သည်ကို စဉ်းစားမရဖြစ်နေသည်။ ဘုရားသခင်သည် ခွန်အားကြီးသော ယောကျင်္ားများ (သို့)ရှေသ၏အမျိုးအနွယ်များက သာမန်မိန်းမများ (သို့) ကာဣန၏အမျိုးအနွယ် များ အိမ်ထောင်ဘက်ပြုရန် မဆီးတားခဲ့သော်လည်း သူသည် အဘယ်ကြောင့်ရေလွှမ်းမိုးခြင်းပြု ရန် ခွင့်ပြုခဲ့သနည်း။ ကမ္ဘာဦးကျမ်း ၆း၅-၇ ၌ရှိသော တရားစီရင်ခြင်း ကမ္ဘာဦးကျမ်း ၆း၁-၄ ထဲတွင် ဖြစ်ပျက်သောအဖြစ်အပျက်များနှင့်ဆက်စပ်မှုရှိသည်။ မတရားသောရှုထောင့်မှကြည့်လျှင် ကောင်း ကင်မှ ပစ်ချခြင်းခံသော ကောင်းကင်တမန်များသည် လူသမီးများနှင့် အိမ်ထောင်ဘက်ပြုခြင်းကို ညစ်ညမ်းသောအမှု၊ တရားစီရင်ခြင်းခံထိုက်သောအမှုဖြစ်သည်။

စောစောကဖော်ပြထားသည့်အတိုင်း၊ပထမအားနည်းချက်သည် မဿဲ ၂၂း၃၀ ထဲတွင်ဖော်ပြထား ချက်ဖြစ်သည်။ “ထမြောက်ရာကာလ၌ စုံဘက်ခြင်းကို မပြု၊ ထိမ်းမြားပေးစားခြင်ကိုမပြု။ ကောင်း ကင်သားဘုရားသခင်၏ တမန်တော်ကဲ့သို့ဖြစ်၏” ဟုဖော်ပြထားသည်။ သို့သော် ဤကျမ်းပိုဒ်က “ကောင်းကင်တမန်များသည် အိမ်ထောင်ဘက်မပြုနိုင်ပေ” ဟုဖော်ပြလိုခြင်းမဟုတ်ပေ။ သို့သော် ကောင်းကင်တမန်များသည် အိမ်ထောင်ဘက်မပြုနိုင်ဟု ဖော်ပြလိုခြင်းသာဖြစ်သည်။ ဒုတိယအနေ ဖြင့်၊ မဿဲ ၂၂း၃၀ သည် “ကောင်းကင်နိုင်ငံတော်တွင်ရှိသော” ကောင်းကင်တမန်များကို ရည်ညွှန်းလိုခြင်းဖြစ်သည်။ ကောင်းကင်မှနင်ထုတ်ခြင်းခံသော ကောင်းကင်တမန်များကို ရည်ညွှန်း လိုခြင်းမဟုတ်ပေ။ ကောင်းကင်မှပစ်ချခြင်းခံသောကောင်းကင်တမန်များသည် ဘုရားသခင်၏ဖန် ဆင်းထားသောအရာများကို ဖျက်ဆီး၍ ဘုရားသခင်၏စီမံချက်များကို လွယ်လင့်တကူဖျက်ဆီးရန် ကြိုးပမ်းသောသူများဖြစ်ကြသည်။ သန့်ရှင်းသောဘုရားသခင်၏ကောင်းကင်တမန်များသည် အိမ် ထောင်ပြုခြင်းနှင့် ကာမဆက်ဆံခြင်းမပြုဟုဖော်ပြရာတွင် စာတန်နှင့်၄ငး်၏အပေါင်းအသင်းများ သည် ထိုနည်းတူပြုဖြစ်ကြသည်ဟု မဆိုလိုပေ။

ပထမရှုထောင့်သည် မှန်ကန်နိုင်ပေသည်။ ကောင်းကင်တမန်များသည် အင်္ဂါမရှိပေ ဟု ဖော်ပြထား ခြင်းသည် စိတ်ဝင်စားစရာဖြစ်သော်လည်း “ဘုရားသခင်၏သားများ” သည် ကောင်းကင်မှကျသော ကောင်းကင်တမန်များ၊ သူတို့သည် လူမိန်းမများနှင့်ပြန်လည်ဖန်ဆင်းခြင်းခံသော သူများဖြစ်ကြ သည်။ ကောင်းကင်တမန်များသည် ၀ိညာဉ်များဖြစ်ကြသော်လည်း (ဟေဗြဲ ၁း၁၄) သူတို့သည် လူ သားကဲ့သို့ ခန္ဓာကိုယ်ဖြင့် ထင်ရှားသောသူများဖြစ်ကြသည် (မာကု ၁၆း၅)။ သောဒုံနှင့်ဂေါမောရ အမျိုးသားများသည် လောတနှင့်အတူနေသော ကောင်းကင်တမန်များနှင့်ကာမဆက်ဆံလိုကြ သည် (ကမ္ဘာ ၁၉း၁-၅)။ ကောင်းကင်တမန်များသည် လူပုံသဏ္ဍာန်ယူ၍ လူသားများနှင့်ကာမဆက် ဆံကာ သားသမီးများထွန်းကားနိုင်/မထွန်းနိုင်ဖြစ်ခြင်းကို ကျွနု်ပ်တို့မသိရပေ။ အဘယ်ကြောင့် ကောင်းကင်မှကျဆင်းသော ကောင်းကင်တမန်များသည် လူတွေနှင့်ဆက်ဆံကာ သားသမီးများ စွာမထွန်းကားခဲ့သနည်း။ ကောင်းကင်မှပစ်ချခြင်းခံသောကောင်းကင်တမန်များကို ဘုရားသခင်က ချည်နှောင်ထားသောကြောင့် သူတို့သည် အခြားသော ပစ်ချခြင်းခံသောကောင်းကင်တမန်များ နည်းတူ လိင်ဆက်ဆံခြင်းမပြုနိုင်ကြခြင်းဖြစ်သည် ( ယုဒ ၆ ၌ဖော်ပြချက်ကိုကြည့်ပါ)။ ဟေဗြဲ အနက်ဖွင့်သူများ၊ apocryphal နှင့် pseudopigraphal စာရေးဆရာများက ကမ္ဘာဦးကျမ်း ၆း၁-၄ထဲတွင် ဖော်ပြထားသော ကောင်းကင်တမန်များသည် “ဘုရားသခင်၏ သားများ” ဖြစ်ကြ သည်ဟု တခဲနက်ထောက်ခံခဲ့ကြသည်။ ထိုကြောင့် ဤအကြောင်းနှင့်ပတ်သက်၍ အငြင်းပွါးစရာ မရှိတော့ပေ။ ထိုကြောင့် ကမ္ဘာဦးကျမး် ၆း၁-၄ထဲတွင် ဖော်ပြထားသော ကောင်းကင်မှပစ်ချခြင်းခံ သော ကောင်းကင်တမန်များသည် လူ့သမီးများနှင့် စုံဖက်၊ ဆက်ဆံကြသည်ကို အကြောင်းအရာ အရဖြစ်စေ၊ စာလုံးအရဖြစ်စေ၊ သမိုင်းအခြေခံအရဖြစ်စေ မှန်ကန်ကြောင့် တွေ့ရှိနိုင်ပါသည်။

bottom of page