top of page
Bellevue Myanmar Baptist Church
ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်ကို ခရစ်ယာန်များက လိုက်နာရန်လိုအပ်သလော?
မေးခွန်း - ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်ကို ခရစ်ယာန်များက လိုက်နာရန်လိုအပ်သလော?
အဖြေ- ဤမေးခွန်းကို သိရှိနားလည်ရန်အတွက် အဓိကသော့ချက်သည် ဓမ္မဟောင်းထဲ၌ရှိသော ပညတ်တော်သည် ဣသရေလလူများများအတွက် ပေးထားခြင်းဖြစ်ပြီး ခရစ်ယာန်များအတွက် ပေးထားခြင်း မဟုတ်သည်ကို သိရှိခြင်းပင်ဖြစ်သည်။ တချို့သော ပညတ်တော်တို့သည် ဣသရေလလူမျိုးများက ဘုရားသခင်ကို မည်သို့ နာခံရမည်ကို ၎င်း၊ မည်သို့ ဝမ်းမြောက်စေရမည်ကို၎င်း ညွှန်ပြပေးသော ပညတ်တော်များဖြစ်ကြသည်။ (ဥပမာ-ပညတ်တော်ဆယ်ပါး)၊ တချို့သော ပညတ်တော်တို့သည် ဣသရေလလူမျိုးတို့က ဘုရားသခင်ကို မည်သို့ဝတ်ပြုမည်ကို၎င်း၊ မည်သို့ အပြစ်ဖြေရ မည်ကို ၎င်း၊ ညွှန်ပြပေးသော ပညတ်တော်များဖြစ်ကြသည် (ယဇ်ပူဇော်ခြင်းအမှု)။ တချို့သော ပညတ်တော်တို့သည် ဣသရေလ လူမျိုးတို့သည် တခြားသော လူမျိုးတို့နှင့် မတူပဲ တမူထူးခြားသော လူမျိုးဖြစ်ကြောင်းကို ညွှန်ပြပေးသော ပညတ် တော်များ ဖြစ်ကြသည် (အစားအသောက်နှင့် အဝတ်အစားနှင့်ပတ်သက်သော ပညတ်တော်)။ ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်ဟူသမျှသည် ယနေ့ကျွနု်ပ်တို့ အသက်တာ၌ အသုံးပြုရန်အတွက် မဟုတ်ပေ။ ကားတိုင်တော်ပေါ်တွင် ခရစ်တော် အသေခံသောအခါ သူက ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်ဟူသမျှ ဖျက်သိမ်းသွားခဲ့သည် (ရောမ၊ ၁ဝးဝ၀၊ ဂလာ၊ ၃း၂၃-၂၅၊ ဧဖက်၊ ၂း၁၅)။
ကျွန်ု်ပ်တို့သည် ဓမ္မဟောင်းထဲ၌ရှိသော ပညတ်တော်ကို ကျင့်သုံးမည့်အစား ခရစ်တော်ပေးသည့် ပညတ်တော် ကို အသုံးပြုကြပါသည် (ဂလာ၊ ၆း၂)။ ၎င်း ပညတ်တော်သည် “သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့် ချစ်လော့။ ..... ကိုယ်နှင့် စပ်ဆိုင်သော သူကို ကိုယ်နှင့် အမျှ ချစ်လော့” (မဿဲ၊ ၂၂း၄၀)။ သို့သော် ယခုခေတ်တွင် ဓမ္မဟောင်းထဲ၌ ဖော်ပြထားသော ပညတ်တော်ကို မထီမဲ့မြင်ပြုရန်အတွက် မဆိုလိုပေ။ ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်တချို့တို့သည် “ဘုရားသခင်ကို ချစ်ခြင်း” နှင့် “ကိုယ်နှင့် စပ်ဆိုင်သော သူကို ချစ်ရန်” ဖော်ပြထားသော အချက်များလည်း ပါဝင်ပါသည်။ ဘုရားသခင်ကို မည်သို့ချစ်ရမည်ကို၎င်း၊ မိမိအိမ်နီးနားချင်းကို မည်ကဲ့သို့ ချစ်ရမည်ကို ၎င်း သိရှိနိုင်ရန် ဓမ္မဟောင်းထဲ၌ရှိသော ပညတ်တော်တို့သည် အလွန်ကောင်းသည့် “လမ်းညွှန်တိုင်” ပင် ဖြစ်သည်။ ထိုနည်းတူ ယနေ့ခရစ်ယာန်အသက်တာထဲတွင် ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်ကို အသုံးပြုရမည်ဟု ပြောဆိုခြင်းသည်လည်း မှန်ကန်မှုမရှိပေ။ ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်သည် လောကနီတိပင်ဖြစ်သည် (ယာကုပ်၊ ၂း၁၀)။ ထိုပညတ်တော် အားလုံးကို ကျင့်သုံးနိုင်သည်။ ပယ်ဖျက်နိုင်သည်။ ယဇ်ပူဇော်ခြင်း လုပ်ဆောင်မှုကဲ့သို့သော ပညတ်တော်မျိုးကို ခရစ်တော်က ပြည့်စုံပေးခဲ့လျှင် ပညတ်တော်အားလုံးကို ပြည့်စုံစေခြင်းပင်ဖြစ်သည်။ “ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏။ ပညတ်တော်ကို စောင့်ခဲ့သည်မဟုတ်” (၁ယော၊ ၅း၃)။ ပညတ်တော် ဆယ်ပါးတို့သည် ဓမ္မ ဟောင်းထဲ၌ရှိသော ပညတ်တော်အားလုံးတို့၏ အချုပ်အခြာပင်ဖြစ်သည်။ ပညတ်တော် ဆယ်ပါးအနက် ကိုးခုတို့သည် ဓမ္မသစ်ကျမ်းထဲတွင် ပြန်လည်ဖော်ပြထားပါသည်။ (ဥပုဒ်နေ့ကို စောင့်ထိန်းရန် ပညတ်များကလွဲ၍)။ ကျွနု်ပ်တို့သည် ဘုရားသခင်ကို ချစ်ခဲ့လျှင် တခြားသော မှားသော ဘုရားတို့ကို ကိုးကွယ်မည်မဟုတ်တော့ပေ။ သို့မဟုတ် ရုပ်ထုများရှေ့တွင် ကိုးကွယ်မည်မဟုတ်တော့ပေ။ ကျွနု်ပ်တို့သည် ကိုယ်နှင့်စပ်ဆိုင်သောသူတို့ကို ချစ်လျှင် သူတို့ကို သင်ပြောမဟုတ်ပေ။ သူတို့ ကို လိမ်ညှာမည်မဟုတ်ပေ။ သူတို့အပေါ် မတရားမှုတွေ ပြုမည်မဟုတ်ပေ။ ဓမ္မဟောင်းထဲ၌ ဖော်ပြထားသော ပညတ်တော် ၏ ရည်ရွယ်ချက်သည် လူသားများက သခင်ယေရှုကို ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်လက်ခံရန် လိုအပ်ကြောင်း ညွှန်ပြ လိုခြင်း ဖြစ်သည် (ရောမ၊ ရးရ-၉၊ ဂလာ၊ ၃း၂၄)။ ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်သည် ဘုရားသခင်က လူသားအားလုံးအတွက် အမြဲတမ်းကျင့်သုံးရန် ပေးထားသော ပညတ်တော်မဟုတ်ပေ။ ကျွနု်ပ်တို့သည် ဘုရားသခင်နှင့် ကိုယ်နှင့် စပ်ဆိုင်သော သူတို့ကို ကိုယ်နှင့် အမျှ ချစ်ရပါမည်။ ဤပညတ်တော်နှစ်ပါးအတိုင်း သစ္စာရှိစွာဖြင့် အသက်ရှင်လျှင် ကျွနု်ပ််တို့သည် ဘုရားသခင်တောင်းဆိုသော ပညတ်တော်အားလုံးတို့ကို လိုက်လျောက်အသက်ရှင်ခြင်းပင်ဖြစ်သည်။
ခရစ်တော်၏ ဘုရားဇာတိဖြစ်ခြင်းသည် သမ္မာကျမ်းစာနှင့်ညီညွတ်သလော?
မေးခွန်း - ခရစ်တော်၏ ဘုရားဇာတိဖြစ်ခြင်းသည် သမ္မာကျမ်းစာနှင့်ညီညွတ်သလော?
အဖြေ - တော်သည် မိမိဖြစ်ခြင်းအကြောင်းကို ကိုယ်တိုင် ပြောဆိုခဲ့သည့်အတိုင်း သူ၏ တပည့်တော် တို့ကလည်း ခရစျတောျ၏ ဘုရားဇာတိကို အသိအမှတ်ပြုခဲ့ပါသည်။ ဘုရားသခင်သာလျှင် ပြုနိုင်သော ခွင့်လွှတ်ခြင်းတရားကို သခင်ယေရှု က ပြုနိုင်သော အခွင့်ရှိသည်ဟု တပည့်တော်တို့က ကြွေးကြော်ခဲ့ပါသည်။ အပြစ်တရားက ဘုရားသခင်ကို ပုန်ကန်ခဲ့ပါသည် (တ၊ ၅း၃၁၊ ကောလော၊ ၃း၁၃၊ ဆာ၊ ၁၃ဝး၄၊ ယေဇမိ၊ ၃၁း၃၄)။ ဤအကြောင်းနှင့်ပတ်သက်၍ နောက်ဆုံး ကြည့်လျှင် သခင်ယေရှုသည် “အသက်ရှင်သောသူတို့နှင့် သေသောသူတို့ကို” တရားစီရင်မည့် တရားသူကြီးဖြစ်သည် (၂တိ၊ ၄း၁)။ သောမက သခင်ယေရှုသည် “ငါ့၏ အရှင်သခင်” ဟု ကြွေးကြော်ခဲ့ပါသည် (ယော၊ ၂ဝး၂၈)။ ပေါလုက သခင်ယေရှုသည် “ကြီးမြတ်သောဘုရားနှင့် ကယ်တင်ရှင်” ဟု ပြောခဲ့သည် (တိတု၊ ၂း၁၃)။ သခင်ယေရှုသည် လူ့ဇာတိမခံယူမီ “ဘုရားသခင်” ဟု ကြွေးကြော်ခဲ့ပါသည် (ယော၊ ၂ဝး၂၈)။ ပေါလုက သခင်ယေရှုသည် “ကြီးမြတ်သော ဘုရားနှင့် ကယ်တင်ရှင်” ဟု ပြောခဲ့ သည် (တိတု၊ ၁၂း၁၃)။ သခင်ယေရှုသည် လူ့ဇာတိ မခံယူမီ “ဘုရားသခင်” ဖြစ်ကြောင်းကိုလည်း ပြောဆိုခဲ့ပါသည်” (ဖိလိပ္ပ၊ ၂း၅-၈)။ ဟေဗြဲသြဝါဒစာရေးသူက သခင်ယေရှုကို “အိုဘုရားသခင်၊ ကိုယ်တော်၏ ပလ္လင်သည် နိစ္စထာဝရ ပလ္လင် ဖြစ်ပါ၏” (ဟေဗြဲ၊ ၁း၈) ဟု ဖော်ပြထားပါသည်။ ယောဟန်က “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏” (ယော၊ ၁း၁) ဟု ဖော်ပြထားပါသည်။ ခရစျတောျ၏ ဘုရားဇာတိဖြစ်ခြင်းကို ကျမ်းပိုဒ်များစွာက နမူနာပေး၍ သွန်သင်ထားပါသည် (ဗျာ၊ ၁း၁၇၊ ၂း၈၊ ၂၂း၁၃၊ ၁ ကော၊ ၁ဝး၄၊ ၁ပေ၊ ၂း၆-၈၊ ဆာ၊ ၁၈း၂၊ ၉၅း၁၊ ၁ပေ၊ ၅း၄၊ ဟေဗြဲ၊ ၁၃း၂၀)။ သို့သော် ဤကျမ်းပိုဒ်များထဲမှ သခင်ယေရှု၏ နောက်လိုက်တပည့်တော်များ ပြောဆိုသော ခရစ်တော်၏ ဘုရားဇာတ်ဖြစ်ခြင်းကို ပြသသည့် ကျမ်းပိုဒ်တစ်ခုသည် လုံလောက်ပါသည်။
ဓမ္မဟောင်းကျမ်းထဲတွင် သခင်ယေရှု၏ နာမတော်ရာထူးကို ယေဟောဝါဘုရား (ဘုရားသခင်၏ တစ်ခုတည်းသော နာမတော်)ဟု နာမည်ပေးအပ်ခြင်းခံခဲ့ရသည်။ ဓမ္မဟောင်းကျမ်းစာထဲ၌ ဖော်ပြထားသော “ကယ်တင်ရှင်” (ဆာ၊ ၁၃ဝးရ၊ ဟောရှေ၊ ၁၃း၄) သည် ဓမ္မသစ်ကျမ်းစာထဲတွင် သခင်ယေရှုကို ညွှန်ပြထားခြင်းပင်ဖြစ်သည်(တိတု၊ ၂း၁၃၊ ဗျာဒိတ်၊ ၅း၉)။ သခင် ယေရှုကို မောနွေလဟု ခေါ်ပါသည်။ (”ကျွနု်ပ်တို့နှင့် အတူရှိတော်မူသော ဘုရား” (မဿဲ ၁ ထဲတွင်)”) ဇာခရိ၊ 12း10 ထဲတွင် “သူတို့သည် မိမိတို့ ထိုးဖောက်သော ငါ့ကိုရှုမြင်ရကြလိမ့်မည်” ဟု ပြောသော သူသည် ယေဟောဝါဘုရားပင်ဖြစ် သည်ဟု ဖော်ပြထားပါသည် (ယော၊ ၁၉း၃၇၊ ဗျာ၊ ၁းရ)။ ထိုးဖောက်ခြင်းခံရသော သူသည် ယေဟောဝါဘုရားဖြစ်သည်။ ပေါလုက ဟေရှာယ၊ ၄၅း၂၂-၂၃ ကို ဖိလိပ္ပိ၊ ၂း၁၀-၁၁ ထဲတွင် သခင်ယေရှုကို ဖော်ပြလိုခြင်းဖြစ်သည်ဟု အနက်ဖွင့်ဆို ထားပါသည်။ ထို့ပြင် ဆုတောင်းခြင်းထဲတွင် သခင်ယေရှု၏ နာမတော်ကို ယေဟောဝါဘုရားအဖြစ် အသုံးပြု ထားပါသည်။ “သခင်ယေရှုခရစ်နှင့် ခမည်းတော်ဘုရားထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော” (ဂလ၊ ၁း၃၊ ဧဖက်၊ ၁း၂)” ခရစ်တော်သည်ဘုရားသခင်မ ဟုတ်ခဲ့လျှင် ဤကဲ့သို့ပြောဆိုခြင်းသည ပြစ်တင်စရာပင်ဖြစ်သည်။ရေနှစ်ခြင်းခံယူရန်် ဘုရားသခင် ယေရှုမိန့်မှာချက်ထဲတွင် ယေဟောဝါးသည် သခင်ယေရှု၏ နာမတော်နှင့် ဒွန်တွဲနေသည်ကို တွေ့ရသည်။ “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့” (မဿဲ၊ ၂၈း၁၉၊ ၂ ဘော၊ ၁၃း၁၄)။
ဘုရားသခင်သာလျှင် ပြုနိုင်သော အမှုတို့ကို သခင်ယေရှုသည်လည်း ပြုနိုင်သော အခွင့်ရှိသည်။ သခင်ယေရှုသည် သေခြင်းမှ ထမြောက်ရုံသာမက (ယော၊ ၅း၂၁၊ ၁၁း၃၈-၄၄)။ သူသည် အပြစ်ကို ခွင့်လွှတ်နိုင်သောအခွင့်ရှိ်သည် (တ၊ ၅း၃၁၊ ၁၃-၃၈)။ စကြာဝဠာကို ဖန်ဆင်းခဲ့၍ စောင့်ထိန်းထားပါသည် (ယော၊ ၁း၂၊ ကော်လော၊ ၁း၁၆-၁၇)။ ယေဟောဝါးဘုရားသည် ဖန်ဆင်း ခြင်းအမှုပြုသောအခါ သူတစ်ဦးတည်းသာရှိသည်ဟု ယူဆသော သူများအတွက် ဤအချက်သည် အလွန် အကျုံးဝင်ပါသည် (ဟေရှာ၊ ၄၄း၂၄)။” ထို့ပြင် ခရစ်တော်သည် ဘုရားသခင်ကသာ ပိုင်ဆိုင်နိုင်သော အရည်အချင်းကို ပိုင်ဆိုင်နိုင်သည်။ ၎င်းတို့ သည် ထာဝရအသက် (ယော၊ ၈း၅၈)၊ နေရာတိုင်း၌ ရှိခြင်း (မဿဲ၊ သား၂၀၊ ၂၈း၂၀)၊ အရာခပ်သိမ်းကို သိရှိခြင်း (မဿဲ၊ ၁၆-၂၁)၊ အရာခပ်သိမ်းကို တတ်စွမ်းနိုင်ခြင်း (ယော၊ ၁၁း၃၈-၄၄) တို့ဖြစ်ကြသည်။
သခင်ယေရှု ဘုရားသခင်ဖြစ်ကြောင်း သက်သေပြသခြင်းမရှိပဲ သူသည် ဘုရားသခင်ဖြစ်သည်ဟု ကြွေးကြော်ခြင်း (သို့) သူသည် စစ်မှန်သော ဘုရားသခင်ဖြစ်သည်ဟု ယုံကြည်ခြင်းသည် ရူးသွပ်ရာ ရောက်သွားခဲ့သည်။ ခရစ်တော် ဘုရားသခင်ဖြစ်ကြောင်းကို သူပြုခဲ့သော အံ့သြဖွယ် နိမိတ်လက္ခဏာများနှင့် သူ၏ ထမြောက်ခြင်းက သက်သေထူခဲ့ ပါသည်။ သခင်ယေရှုပြုခဲ့သော နိမိတ်လက္ခဏာတချို့တို့ကို ဖော်ပြရလျှင် ရေကို စပျစ်ရည်ဖြစ်စေခြင်း (ယော၊ ၂းရ)၊ ရေပေါ်တွင် လမ်းလျှောက်ခြင်း (မဿဲ၊ ၁၄း၂၅)၊ အရာဝတ္ထုတို့ကို တိုးပွားစေခြင်း (ယော၊ ၆း၁၁)၊ မျက်စိကန်းသောသူကို ပြန်မြင်စေခြင်း (ယော၊ ၉းရ)၊ ခြေထောက် မသန်စွမ်းသောသူကို ပြန်ကောင်းစေခြင်း (မာ၊ ၂း၃)၊ ဖျားနာသောသူကို ပြန်ကောင်းစေခြင်း (မဿဲ၊ ၉း၃၅၊ မာ၊ ၁း၄၀-၄၂) နှင့် သေသောသူများပင်လျှင် ထမြောက်စေခဲ့ပါသည် (ယော၊ ၁၁း၄၃-၄၄၊ လု၊ ရး၁၁-၁၅၊ မာ၊ ၅း၃၅)။ ၎င်းပြင် ခရစ်တော်ကိုယ်တိုင်က သေခြင်းမှ ထမြောက်ခဲ့ပါသည်။ တခြားသောဘုရားတို့သည် သေ၍ ထမြောက် သည်ဟူ၍ မရှိပေ။ တခြားသော ဘာသာတရား၌ ရှင်ပြန်ထမြောက်ခြင်းအကြောင်း ကြွေးကြော်ခြင်းကို မတွေ့ရပေ။ သမ္မာကျမ်းစာဖော်ပြခြင်းကို နောက်ထပ် မဖြည့်စွပ်သင့်ပေ။ Dr Gray Habermas ဖော်ပြချက်အရ၊ တခြားသော ဘာသာရေး ပညာတတ်ပုဂ္ဂိုလ်တို့က ဝန်ခံမှုပြုရန် အနည်းဆုံး ဆယ့်နှစ်ခုရှိပါသည်။
၁။ သခင်ယေရှုသည် ကားတိုင်ပေါ်တွင် အသေခံခဲ့သည်။
၂။ သူသည် သင်္ဂြ ိုဟ်ခြင်းခံခဲ့သည်။
၃။ သခင်ယေရှုသည် အသေခံသောကြောင့် သူ၏ တပည့်တော်တို့သည် စိတ်ပျက်၍ မျှော်လင့်ချက်ကင်းမဲ့ခဲ့ကြသည်။
၄။ ရက်အနည်းငယ်ကြာလာပြီးနောက် သခင်ယေရှုသည် ဂူထဲတွင် မရှိကြောင်းကို တွေ့ရှိနိုင်သည်။
၅။ သခင်ယေရှုသည် ထမြောက်ခဲ့ကြောင်း တပည့်တော်များက တွေ့ရှိပါသဖြင့် သူတို့သည် ယုံကြည်ခဲ့ကြသည်။
၆။ ကနဦးအသင်းတော်၌ ဤသတင်းကောင်းသည် အဓိကကျသော တရားဒေသနာဖြစ်ခဲ့သည်။
၈။ ဤသတင်းကောင်းကိုကို ယေရုရှလင်မြို့ထဲတွင် ဟောပြောခဲ့သည်။
၉။ ဤသတင်းဝေငှခြင်းကြောင့် အသင်းတော် အစပြုလာပြီး တိုးတက်လာခဲ့ပါသည်။
၁၀။ ရှင်ပြန်ထမြောက်ရာနေ့ကို ဥပုဒ်နေ့အဖြစ် သတ်မှတ်ကာ ဝတ်ပြုကိုးကွယ်ခြင်းပြုသော နေ့ရက်ဖြစ်လာခဲ့သည်။
၁၁။ သံသယစိတ်ဝင်နေသော သောမသည် ခရစ်တော်သည် ထမြောက်ကြောင်း မြင်တွေ့၍ ယုံကြည်ခဲ့သောကြောင့်
ရဲရင့်သော တပည့်တော်ဖြစ်သွားခဲ့ပါသည်။
၁၂။ ပေါလု၊ ခရစ်တော်တို့၏ ရန်သူသည် ရှင်ပြန်ထမြောက်ခဲ့သော သခင်ယေရှုကို ယုံကြည်နိုင်ရန် အတွက်ကို ကိုယ်တိုင်
ကိုယ်ကျ တွေ့ကြုံခံစားပါသဖြင့် မိမိအသက်တာ ပြောင်းလဲသွားခဲ့သည်။
အထက်၌ ဖော်ပြထားခဲ့သော အချက်အလက်တို့ကို လူတစ်ဦးသည် ယုံကြည်လျှင် ရှင်ပြန်ထမြောက်ခြင်းနှင့် သတင်းကောင်း ဟောပြောခြင်းအမှုလုပ်ရန် အတွက်တိုးတက်ခြင်း အနည်းငယ််သာ လိုတော့သည်။ သတင်းကောင်းသည် သခင်ယေရှု၏ အသေခံခြင်း၊ သင်္ဂြ ိုဟ်ခြင်း၊ ရှင်ပြန်ထမြောက်ခြင်း နှင့် ကိုယ်ယောင်ထင်ရှားခြင်း (၁ ကော၊ ၁၅း၁-၅) တို့ဖြစ်သည်။ အထက်၌ ဖော်ပြထားခဲ့သော အချက်များထဲမှ တခု (သို့) နှစ်ခုတို့သည် ရှင်းပြရန် အယူအဆ တချို့ရှိသော်လည်း ရှင်ပြန် ထမြောက်ခြင်းက ၎င်းအချက်အားလုံးကို ပြီးပြည့်စုံစွာဖြင့် ဖော်ပြထားပါသည်။ တပည့်တော်တို့သည် သခင်ယေရှု၏ ထမြောက်ခြင်းကို သူတို့ မြင်တွေ့သည့်အတိုင်း ကြွေးကြော်မှုအပေါ် သံသယစိတ် ရှိသော သူတို့သည်လည်း ဝန်ခံရမည် ဖြစ် ပါသည်။ ရှင်ပြန်ထမြောက်ခြင်းနှင့် ပတ်သက်၍ လိမ်ညှာမှု (သို့) စိတ်စွဲလမ်းမှုဖြင့် မှားယွင်းစွာသိရှိခြင်းတို့က လူတွေကို မပြောင်းလဲစေနိုင်ခဲ့ပေ။ ပထမအနေနှင့် သူတို့သည် မည်သည့်အကျိုးကို ရရှိမည်နည်း။ ခရစ်ယာန်ဘာသာသည် ကျော်ကြား သော ဘာသာမဟုတ်ပေ။ သူတို့ကိုလည်း ငွေကြေးထောက်ပံ့လိမ့်မည် မဟုတ်ပေ။ ဒုတိယအနေနှင့် လိမ်ညှာသော သူတို့သည် ဘယ်တော့မှ သူရဲကောင်းအဖြစ် အသေခံရမည်မဟုတ်ပေ။ တပည့်တော်တို့သည် မိမိယုံကြည်ခြင်းကြောင့်ကားတိုင်ပေါ်တွင် ပြောင်းပြန်အသေခံခြင်းသည် ရှင်ပြန်ထမြောက်ခြင်းအတွက် အကောင်းဆုံးသော သက်သေပြသချက် ဖြစ်သည်။ တခြား သက်သေပြသချက် မလိုအပ်ပေ။ ဟုတ်ပါသည်။ များစွာသော သူတို့သည် မှန်လိမ့်မည်ဟု မိမိထင်မှတ်သော အရာဖြစ်သည့်လိမ်ညာမှုအတွက်သာ အသေခံခဲ့ကြပါသည်။ သို့ရာတွင် မှားသည်ဟု သိရှိသော အရာအတွက် မည်သူကမှ အသေမခံခဲ့ပေ။
နိဂုံး
ခရစ်တော်က သူသည် ယေဟောဝါးဘုရားဖြစ်ကြောင်း၊ မိမိကိုယ်ကို ကြွေးကြော်ခဲ့သည်။ သူသည် ဘုရား ဖြစ်သည်။ တခြားသော ဘုရားနည်းတူ ဘုရားတဆူမဟုတ်ပဲ၊ သူသာလျှင် စစ်မှန်သော ဘုရားသခင်ဖြစ်သည်။ သူ၏ တပည့်တော်များ (ရုပ်တုကို ကြောက်ရွံ့ရိုသေသော ယုဒလူမျိုးများ) သည်လည်း သခင်ယေရှုသည် ယေဟောဝါးဘုရားဖြစ်ကြောင်း ယုံကြည်ခဲ့ ကြသည်။ အံ့သြဖွယ်ရာ နိမိတ်လက္ခဏာတို့နှင့်အတူ လောကကို အောင်၍ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ခရစ်တော်သည် ဘုရားသခင်ဖြစ်ကြောင်း သက်သေပြသနိုင်ပါသည်။ ထင်ရာမြင်ရာပြောတတ်သော သူတို့သည် ဤအချက်အလက်များကို မရှင်းပြနိုင်ခဲ့ပေ
ကယ်တင်ခြင်းသည် ယုံကြည်ခြင်းအားဖြင့်သာလျှင် ရရှိသလော (သို့) ယုံကြည်ခြင်းနှင့် လုပ်ဆောင်ခြင်း အားဖြင့် ရရှိသလော?
မေးခွန်း - ကယ်တင်ခြင်းသည် ယုံကြည်ခြင်းအားဖြင့်သာလျှင် ရရှိသလော (သို့) ယုံကြည်ခြင်းနှင့် လုပ်ဆောင်ခြင်း အားဖြင့် ရရှိသလော?
အဖြေ - ခရစ်ယာန် သီအိုလျော်ရီအားလုံးထဲတွင် ဤမေးခွန်းသည် အရေးကြီးဆုံးသော မေးခွန်းဖြစ်နိုင်ပါသည်။ ဤ မေးခွန်းပေါ်ပေါက်လာခြင်းသည် ပြုပြင်ပြောင်းလဲမှု ပေါ်ပေါက်လာခြင်း(Reformation)ကြောင့်ပင် ဖြစ်သည်။ Protestant အသင်းတော်နှင့် Catholic အသင်းတော်တို့၏ ကွဲပြားမှုကြောင့်ဖြစ်သည်။ ဤမေးခွန်းသည် သမ္မာကျမး်စာကို စွဲကိုင်သော ခရစ်ယာန်ဘာသာ နှင့် “ခရစ်ယာန်” အယူဝါဒ လွဲမှားသူ အများစုတို့အကြား ကွာဟမှုဖြစ်စေသော သော့ချက်ပင်ဖြစ်သည်။ ကယ်တင်ခြင်းကို ယုံကြည်ခြင်း တစ်ခုဖြင့်သာလျှင် ရရှိသလော၊ (သို့) ယုံကြည်ခြင်းနှင့် လုပ်ဆောင်မှုတို့ဖြင့် ရရှိပါသလော။ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ကယ်တင်ခြင်း ရရှိသလော။ (သို့) ခရစ်တော်ကို ယုံကြည်၍ တခြားကောင်းမှု ကုသိုလ်တို့ကို လည်း လုပ်ဆောင်ရန် လိုအပ်သလော။
ယုံကြည်ခြင်းသာလျှင် (သို့) ယုံကြည်ခြင်းနှင့် လုပ်ဆောင်မှုအားဖြင့် ဟူသော မေးခွန်းသည် သမ္မာကျမ်းစာထဲ၌ ရှိသော စာပိုဒ်များကို ညှိနှိုင်းစွာကြည့်ခြင်းဖြင့် ဖြေကြားပေးနိုင်ရန် အလွန်ခက်ခဲပါသည်။ ရောမ၊ ၃း၂၈၊ ၅း၁ နှင့် ဂလာ၊ ၃း၂၄၊ ယာကုပ်၊ ၂း၂၄ တို့ကို နှိုင်းယှဉ်ကြည့်ပါ။ ပေါလုတင်ပြသော အချက် (ကယ်တင်ခြင်းသည် ယုံကြည်ခြင်းအားဖြင့်သာလျှင် ရရှိ သည်) နှင့် ယာကုပ်တင်ပြသော အချက် (ကယ်တင်ခြင်းသည် ယုံကြည်ခြင်းနှင့် လုပ်ဆောင်မှုအားဖြင့် ရရှိသည်) တို့၏ ကွာဟမှုတို့ကို တွေ့ရှိနိုင်ပါသည်။ တကယ်တန်းကျတော့ ပေါလုနှင့် ယာကုပ်တို့သည် အချင်းချင်း ကွဲပြားမှုမရှိပေ။ တချို့သော သူတွေ ယူဆသော မတူညီခြင်းအချက်သည် ယုံကြည်ခြင်းနှင့် လုပ်ဆောင်ခြင်းပင်ဖြစ်သည်။ ဤပြဿနာကို ဖြေ ရှင်းပေးနိုင်ရန် ယာကုပ်တင်ပြသော အရာသည် မည်သည့်အရာဖြစ်သည်ကို သေချာစွာသိရှိရန် လိုအပ်သည်။ ကောင်းသော အလုပ်များ မရှိဘဲ ယုံကြည်ရှိသည်ဟု ပြောဆိုသော သူတို့ကို ယာကုပ်က ငြင်းဆိုခြင်းဖြစ်သည် (ယာ၊ ၂း၁၇-၁၈)။ ခရစ် တော်၌ စစ်မှန်သော ယုံကြည်ခြင်းရှိမှသာ ပြောင်းလဲသော အသက်တာ ပိုင်ဆိုင်၍ ကောင်းသော လုပ်ငန်းများကို လုပ်ဆောင် နိုင်ခြင်းဖြစ်သည်ဟု ယာကုပ်က အဓိကတင်ပြလိုခြင်းဖြစ်ပါသည် (ယာ၊ ၂း၂၀-၂၆)။ ယုံကြည်ခြင်းနှင့် လုပ်ငန်း လုပ်ဆောင် ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းရရှိသည်ဟု ယာကုပ်ပြောလိုခြင်းမဟုတ်ပဲ ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ခြင်း ရရှိသော သူတို့ သည် မိမိအသက်တာ၌ ကောင်းမွန်သော အလုပ်များ လုပ်ဆောင်ရမည်ဟု ပြောလိုခြင်းဖြစ်ပါသည်။ လူတစ်ယောက်သည် ယုံကြည်သူတစ်ဦးအဖြစ် ကြွေးကြော်၍ မိမိအသက်တာ၌ ကောင်းမွန်သော အလုပ်မရှိလျှင် ထိုသူသည် ခရစ်တော်ထဲ၌ စစ်မှန်သော ယုံကြည်ခြင်းရှိသောသူ လုံးဝ မဖြစ်နိုင်ပေ (ယော၊ ၂း၁၄၊ ၁၇၊ ၂၀၊ ၂၆)။
ပေါလုက သူရေးသားထားသော စာစောင်ထဲတွင် ယာကုပ်ရေးထားသည့်အတိုင်း ရေးသားခဲ့ပါသည်။ ကောင်းမွန် သော အသီးသီးသော ယုံကြည်သူတို့သည် မိမိ အသက်တာ၌ ဂလာက်သြဝါဒစာ၊ ၅း၂၂-၂၃ ထဲ၌ ဖော်ပြထားသော ၀ိညာဉ် အသီးတို့ တွေ့ရှိရမည်ဖြစ်သည်။ ကျွနု်ပ်တို့သည် မိမိကောင်းမှုကုသိုလ်ကြောင့် မဟုတ်၊ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း ရရှိသည်ဟု ပေါလုက ပြောပြီးသည်နှင့် တပြိုင်နက် (၆၊ ၂း၈-၉) ကျွနု်ပ်တို့သည် ကောင်းသော အလုပ်လုပ်ဆောင်ရန် ဖန် ဆင်းထားခြင်းဖြစ်ကြောင်း ပေါ်လုက ဆက်လက်ညွှန်ကြားထားပါသည် (ဧဖတ်၊ ၂း၁၀)။ ပေါလုက ယာကုပ်ရေးထားသည့် အတိုင်း အသက်တာပြောင်းလဲသူတို့သည် အသက်တာ ပြောင်းလဲရန် လိုအပ်သည်ဟု ဖော်ပြထားသည်။ “လူမည်သည်ကား၊ ခရစ်တော်၌ ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသော အရာတို့ကို ပြောင်းလဲ၍ ခပ်သိမ်းသော အရာတို့သည် အသစ်ဖြစ်ကြပြီ” (၂ကော၊ ၅း၁၇)။ ပေါလုနှင့် ယာကုပ်တို့သည် ကယ်တင်ခြင်းအကြောင်း သွန်သင်ရာတွင် သဘောထား ကွဲလွဲမှုမရှိပေ။ သူတို့သည် တူညီသော အချက်ကို မတူညီသောရှုထောင့်မှ တင်ပြခြင်းသာဖြစ်ပါသည်။ ပေါလုက ယုံကြည် ခြင်းအားဖြင့်သာလျှင် ဖြောင့်မတ်ခြင်းရရှိသည်ဟု အဓိကတင်ပြလိုခြင်းဖြစ်၍ ယာကုပ်က ခရစ်တော်ထဲ၌ ရှိသောသူတို့သည် ကောင်းသော အကျင့်စာရိတကောင်းမွန်ခြင်းရှိရမည်ဟု အဓိကတင်ပြလိုခြင်းဖြစ်ပါသည်။
သန့်ရှင်းသော ၀ိညာဉ်တော်သည် မည်သူနည်း?
မေးခွန်း - သန့်ရှင်းသော ၀ိညာဉ်တော်သည် မည်သူနည်း?
အဖြေ - သန့်ရှင်သော ၀ိညာဉျတောျအကြောင်းနှင့် ပတ်သက်၍ မှားယွင်းသော ခံယူချက်များစွာ ရှိသည်။ သန့်ရှင်း သော ၀ိညာဉ်တော်အကြောင်းကို နားလည်ရန် အလွန်ခက်ခဲသည်ဟု တချို့သော သူတို့က မြင်တွေ့ကြသည်။ တချို့သော သူတို့က သန့်ရှင်သော ၀ိညာဉျတောျသည် ဘုရားသခင်က ခရစ်တော်၏ နောက်လိုက်သော သူများအတွက် ပြင်ဆင်ပေး ထားသော လူပုဂ္ဂိုလ်မဟုတ်၊ တန်ခိုးကြီးသောသူ ဖြစ်သည်ဟု သိရှိသည်။ သနျ့ရှငျးသော ၀ိညာဉျတောျအကြောင်း နှင့် ပတ်သက်၍ သမ္မကျမ်းစာက မည်သို့ဖော်ပြထားသနည်း။ သမ္မကျမ်းစာက သန့်ရှင်သော ၀ိညာဉျတောျသည် ဘုရားသခင်ဖြစ် သည်ဟု ပြောထားပါသည်။ သန့်ရှင်သော၀ိညာဉ်တော် ာျသည် လူပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း၊ စိတ်၊ လှုပ်ရှားမှု၊ ဆန္ဒတွေ ရှိ ကြောင်း သမ္မာကျမ်းစာက ဖော်ပြထားပါသည်။
ကျမ်းပိုဒ်များစွာတို့နှင့် အတူ တမန်တော်၊ ၅း၃-၄ ထဲတွင် သနျ့ရှငျးသော ၀ိညာဉျတောျသည် ဘုရားသခင် ဖြစ် ကြောင်း မျက်ဝါးထင်ထင် တွေ့မြင်နို်င်ပါသည်။ ဤကျမး်ပိုဒ်တွင် ပေတရုက အာနနိ အား သူသည် အဘယ့်ကြောင့် ဘုရား သခင်ကို လိမ်ညာခဲ့ကြောင်း၊ သူ၏ အပြစ်ကို ဖော်ပြ၍ “လူတွေကို လိမ်ညာခြင်းမဟုတ်ပဲ ဘုရားသခင်ကို လိမ်ညာခြင်းဖြစ် ကြောင်း” ပေတရု က သူ့အား ပြောထားသည်။ သန့်ရှင်သော ၀ိညာဉ်တော်ကို လိမ်ညာခြင်းသည် ဘုရားသခင်ကို လိမ်ညာ ခြင်းဖြစ်ကြောင်း သေချာသော ဖော်ပြချက်ဖြစ်ပါသည်။ သန့်ရှင်သော ၀ိညာဉ်တော်သည် ဘုရားသခင် ပိုင်ဆိုင်သော အရည်အချင်းများ (သို့) ၀ိသေသတို့ကို ပိုင်ဆိုင်ထားသဖြင့် သန့်ရှင်သော ၀ိညာဉ်တော်သည် ဘုရားသခင်ဖြစ်သည်ဟု ကျွနု်ပ်တို့ သိရှိနိုင်သည်။ ဥပမာအားဖြင့်၊ ဆာ၊ ၁၃၉၊ ၇-၈ ထဲတွင် သန့်ရှင်သော ၀ိညာဉ်တော်သည် နေရာတိုင်း၌ ရှိကြောင်းကို တွေ့ရ သည်။ “၀ိညာဉ်တော်နှင့် လွတ်စေခြင်းငှါ အဘယ်အရပ်သို့ သွားနိုင်ပါမည်နည်း။ မျက်နှာတော် နှင့် လွတ်စေခြင်းငှါ အဘယ့် အရပ်သို့ ပြေးနိုင်ပါမည်နည်း။ ကောင်းကင်သို့တက်လျှင် ကိုယ်တော်ရှိတော်မူ၏။ မရဏနိုင်ငံ၌လည်း အိပ်ရာကို ခင်းလျှင် ကိုယ်တော်ရှိတော်မူ၏”။ ထို့နောက် ၁ကော၊ ၂း၁၀ တွင် သနျ့ရှငျးသော ၀ိညာဉ်တေ်ာျ၏ သမ္ဗညုတ္တဉာဏ်တော်နှင့် ပြည့်စုံသော ၀ိသေသကို တွေ့နိုင်ပါသည်။ “ထိုအရာတို့ကို ဘုရားသခင်သည် မိမိ၀ိညာဉ်တော်အားဖြင့် ငါတို့အား ပြတော်မူ၏။ ၀ိညာဉ်တော်သည် ဘုရားသခင်၏ နက်နဲသော အရာတိုင်အောင် ခပ်သိမ်းသော အရာတို့ကို စစ်တော်မူ၏။ လူ၏ နက်နဲသော အရာကို လူ၌ရှိသော မိမိစိတ်ဝိညာဉ်မှ တစ်ပါး အဘယ်သူသိသနည်း။ ထိုနည်းတူ ဘုရားသခင်၏ နက်နဲသော အရာကို ဘုရားသခင်၏ ၀ိညာဉ်တော်မှ တပါး အဘယ်သူမျှ မသိ။” သန့်ရှင်းသောာ ၀ိညာဉ်တော် သည် စိတ်၊ လှုပ်ရှားမှု၊ ဆန္ဒရှိသဖြင့် လူပုဂ္ဂိုလ်ဖြစ်သည်ဟု ကျွနု်ပ်တို့ပြောနိုင်ပါသည်။ သန့်ရှင်သော် ၀ိညာဉ်တော်သည် တွေးတော၍ သိရှိသည် (၁ကော၊ ၂း၁၀)။ သန့်ရှင်းသောာ ၀ိညာဉ်တော်က နာကျည်းမှုကို ခံစားနိုင်သည် (ဧ၊ ၄း၃၀)။ သန့်ရှင်းသော၀ိညာဉ်တော်က ကျွန်ုပ်တို့အတွက် ကိုယ်စားပြုဆုတောင်းပေးနေသည် (ရော၊ ၈း၂၆-၂၇)။ သန့်ရှင်းသောာ ၀ိညာဉျတောျသည် သူ၏ ဆန္ဒအတိုင်း ဆုံးဖြတ်ချက် ချသည် (၁ကော၊ ၁၂းရ-၁၁)။ သန့်ရှင်းသော ၀ိညာဉျတောျသည် ဘုရားသခင်ဖြစ်၍ သုံးပါးတစ်ဆူထဲတွင် “တတိယမြောက် ပုဂ္ဂိုလ်” ဖြစ်သည်။ ဘုရားသခင်ကဲ့သို့ သန့်ရှင်သော ၀ိညာဉ်တော်သည်လည်း သခင်ယေရှု ကတိပေးခဲ့သည့်အတိုင်း နှစ်သိမ့်သူ၊ တိုင်ပင်ဖက်အဖြစ် ကူညီလုပ်ဆောင်နိုင်ပါသည် (ယောဟန်၊ ၁၄း၁၆၊ ၂၆၊ ၁၅း၂၆)။
ကျွနု်ပ်၏ ဘဝတွင် ဘုရားသခင်၏ အလိုတော်ကို ကျွနု်ပ်မည်သို့ သိရှိနိုင်မည်နည်း။ ဘုရားသခင်၏ အလိုတော်နှင့်ပတ်သက်၍ သမ္မာကျမ်းစာက မည်သို့ ပြောထားသနည်း?
ေမးခြန္း: ကျွနု်ပ်၏ ဘဝတွင် ဘုရားသခင်၏ အလိုတော်ကို ကျွနု်ပ်မည်သို့ သိရှိနိုင်မည်နည်း။ ဘုရားသခင်၏ အလိုတော်နှင့်ပတ်သက်၍ သမ္မာကျမ်းစာက မည်သို့ ပြောထားသနည်း?
အေျဖ: ဘုရားသခင်၏ အလိုတော်ကို သိရှိခြင်းနှင့် ပတ်သက်၍ အခြေအနေဖော်ပြသော အချက်နှစ်ခုရှိပါသည်။ ၎င်းတို့မှာ (၁)မိတ်တွေတောင်းဆိုချက် (သို့) တင်ပြချက်တို့သည် သမ္မာကျမ်းစာ တားမြစ်သော အရာမဟုတ်သည်ကို သေချာ သိရှိပါ။ (၂) မိတ်ဆွေ တောင်းဆိုချက် (သို့)တင်ပြချက်တို့သည် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားပို့ရန် နှင့် မိတ်ဆွေ၏ ၀ိညာဉ်ရေးရာတိုးတက်ရေးဖြစ်သည်ကို သေချာသိရှိပါ။ မိတ်ဆွေ၏ ဆုတောင်းချက်သည် အထက်၌ ဖော်ပြခဲ့ သော အချက် နှစ်ချက်တို့နှင့် ကိုက်ညီ၍ ဘုရားသခင်က မိတ်ဆွေကို အဖြေမပေးသေးပါက- မိတ်ဆွေ၏ ဆုတောင်းချက် သည် ဘုရားသခင်၏ အလိုတော် မဖြစ်သောကြောင့်လည်း ဖြစ်နိုင်ပါသည်။ (သို့) မိတ်ဆွေသည် အချိန်အနည်းငယ် စောင့်ဆိုင်းရန် လိုအပ်ခြင်းဖြစ်ပါသည်။ တခါတရံ ဘုရားသခင်၏ အလိုတော် သိရှိရန် ခက်ခဲပါသည်။ လူတွေက အခြေခံအား ဖြင့် ဘုရားသခင်အား မည်သည့် အမှာကို လုပ်ဆောင်မည်ကို၎င်း၊ မည်သူနှင့် ထိမ်းမြားရမည်ကို ၎င်း သိရှိရန် မေးမြန်းတတ် ကြသည်။ ရောမ၊ ၁၂း၂ ထဲတွင် “သင်တို့သည် လောကိ ပုံသဏ္ဍာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက် ဖွယ်သော အရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဍာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့” ဟု မိန့်ဆိုထား ပါသည်။
ဘုရားသခင်က မည်သို့လုပ်ဆောင်ရမည်ကို ညွှန်ကြားချက်နှင့် လမ်းပြမှုများကို လူတို့အား ပြောပြချက်သည် အလွန် ရှားပါးသည်။ ထိုကဲ့သို့ အကြောင်းအရာများနှင့် ပတ်သက်၍ ရွေးချယ်မှုပြုနိုင်ရန် ဘုရားသခင်က ကျွနု်ပ်တို့အား အလိုတော် ရှိသည်။ ဆုံးဖြတ်ချက်အားလုံးမှ ဆုံးဖြတ်ချက်ချရန် ဘုရားသခင်အလိုတော်မရှိသော အချက်နှစ်ခုတို့သည် အပြစ် ပြုရန် ဆုံးဖြတ်ချက်နှင့် သူ၏ အလိုတော်ဆန့်ကျင်ရန် ဆုံးဖြတ်ချက်ဖြစ်သည်။ ဘုရားသခင်က သူ၏ အလိုတော်နှင့် ညီညွတ်သော ဆုံးဖြတ်ချက်ချရန် ကျွနု်ပ်တို့အား အလိုတော်ရှိသည်။ မိတ်ဆွေအတွက် ဘုရားသခင်၏ အလိုတော်သည် မည်သည့်အရာ ဖြစ်သည်ကို မည်သို့ သိရှိနိုင်မည်နည်း? မိတ်ဆွေသည် ဘုရားသခင်နှင့် နီးကပ်စွာ အသက်ရှင်၍ မိတ်ဆွေအတွက် သူ၏ အလိုတော်ကို သိရှိရန် အမှန်တကယ် ဆန္ဒရှိလျှင် မိတ်ဆွေ၏ နှလုံးသားထဲ၌ ဘုရားသခင်က သူ၏ အလိုတော် ဖွင့်ပြောမည် ဖြစ်ပါသည်။ သော့ချက်သည် မိတ်ဆွေ၏ စိတ်ဆန္ဒအတိုင်း မဟုတ်ပဲ ဘုရားသခင်၏ အလိုတော်သိရှိလိုခြင်းပင်ဖြစ်သည်။ “ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင်၊ စိတ်နှလုံးအလို ပြည့်စုံရသော အခွင့်ကို ပေးတော်မူမည်” (ဆာ၊ ၃ရး၄)၊ သမ္မာကျမ်းစာထဲတွင် ဤအကြောင်းနှင့် ပတ်သက်၍ ဆန့်ကျင်ဘက်စကား မရှိသောကြောင့် ဘုရားသခင်နှင့် အတူ လျှောက် လှမ်းခြင်းသည် မိတ်ဆွေ၏ ၀ိညာဉ်ရေးရာတိုးတက်ရန်အတွက် အသင့်တော်ဆုံးသော လှုပ်ရှားမှုဖြစ်သည်။ ထို့ကြောင့် သမ္မာကျမ်းစာက မိတ်ဆွေကို ဆုံးဖြတ်ချက်ချရန် နှင့် မိတ်ဆွေ၏ နှလုံးသားအတိုင်းလိုက်လျှောက်ရန် “ခွင့်ပြုခြင်း” ဖြစ်ပါသည်။
ကျွနု်ပ်၏ ခရစ်ယာန်ဘဝတွင် အပြစ်တရားကို မည်သို့ အောင်မြင်ခြင်း ရှိနိုင်မည်နည်း?
ေမးခြန္း: ကျွနု်ပ်၏ ခရစ်ယာန်ဘဝတွင် အပြစ်တရားကို မည်သို့ အောင်မြင်ခြင်း ရှိနိုင်မည်နည်း?
အေျဖ: အပြစ်တရားကို အောင်မြင်ရန် ကျွနု်ပ်တို့၏ ကြိုးပမ်းအားထုတ်နိုင်မှု စွမ်းရည်အများအပြားတို့ကို သမ္မာကျမး်စာထဲတွင် ဖော်ပြထားပါသည်။ ဤဘဝတွင် ကျွနု်ပ်တို့သည် အပြစ်တရားကို ပြည့်စုံစွာ အောင်မြင်နိုင်မည် မဟုတ် ပေ။ သို့သော် ကျွနု်ပ်တို့သည် အပြစ်တရားကို အောင်မြင်ရန် ရည်ရွယ်ချက်ထားရမည်ဖြစ်ပါသည်။ ဘုရားသခင်၏ ကူညီမစ ခြင်းအားဖြင့်ဖြစ်စေ၊ နှုတ်ကပတ်တော်၏ နိယာမတို့ကို လိုက်လျောက်ခြင်းအားဖြင့်ဖြစ်စေ၊ ကျွနု်ပ်တို့သည် အပြစ်တရားကို တဖြည်းဖြည်း အနိုင်ယူနိုင်ပါသည်။
အပြစ်တရားကို အောင်မြင်ရန်အတွက် နှုတ်ကပတ်တော်ဖော်ပြသော ပထမဦးဆုံး ရှာဖွေရမည့် အရာသည် သန့်ရှင်းသော ၀ိညာဉ်တော်ဖြစ်သည် ကျွနု်ပ်တို့သည် ခရစ်ယာန် အသက်တာ၌ အောင်မြင်မှုရနိုင်ရန်အတွင် ဘုရားသခင်က ကျွနု်ပ်တို့အား သန့်ရှင်းသော ၀ိညာဉ်တော် ပေးထားပါသည်။ ဂလာတိသြဝါဒစာ၊ ၅း ၁၆-၂၅ ထဲတွင် ဇာတိ သဘောတရားနှင့် ၀ိညာဉ်သဘောတရားတို့၏ ကွာဟမှုကို ဘုရာသခင်က နှိုင်းယှဉ်ထားသည်။ ဤ ကျမ်းပိုဒ်များထဲတွင် ၀ိညာဉ်တော်အားဖြင့် လျှောက်လှမ်းရန် ကျွနု်ပ်တို့အား တိုက်တွန်းထားပါသည်။ ယုံကြည်သူအားလုံးတို့သည် သန့်ရှင်းသော ၀ိညာဉ်တော်ကို ပိုင်ဆိုင်ကြပါသည်။ သို့သော် ဤကျမ်းပိုဒ်များထဲတွင် ကျွနု်ပ်တို့သည် ၀ိညာဉ်တော်အားဖြင့် လျှောက်လှမ်းရန် လိုအပ်ကြောင်း နှင့် သူ၏ ထိန်းချုပ်မှုအောက်တွင် လျှောက််လှမ်းရန် ကျွနု်ပ်တို့အား မိန့်ဆိုထားပါသည်။ ၎င်းကျမ်းပိုဒ်၏ ဆိုလိုရင်းသည် ကျွနု်ပ်တို့၏ အသက်တာ၌ သန့်ရှင်းသော ၀ိညာဉ်တော်၏ လုပ်ဆောင်မှုကို ခွင့်ပြုခြင်းဖြင့် သူ၏ ဦးဆောင်မှုအတိုင်း လိုက်လျှောက်ရန် ရွေးချယ်မှုကို ဆိုလိုသည်။
ယုံကြည်သူတစ်ယောက်၏ အသက်တာ၌ သန့်ရှင်းသော ၀ိညာဉ်တော်နှင့် ပြည့်ဝသော အသက်တာ၏ ထူးခြားမှုကို ယေရှု၏ အသက်တာအားဖြင့် သိသာထင်ရှားစေနိုင်သည်။ သူသည် သန့်ရှင်းသော ၀ိညာဉ်တော်နှင့် မပြည့်ဝမှီ သခင်ယေရှုကို သုံးကြိမ်တိုင်အောင် ငြင်းပယ်ခဲ့သည်။ သို့သော် သန့်ရှင်းသော ၀ိညာဉ်တော်နှင့် ပြည့်ဝခဲ့ပြီးနောက် သူသည် အသေခံသည့်တိုင်အောင် ခရစ်တော်၏ နောက်သို့ လိုက်လျှောက်ရမည်ဟု သစ္စာပြုခဲ့သည်။ သူသည် သန့်ရှင်းသော ၀ိညာဉ်တော်နှင့် ပြည့်ဝသွားခဲ့ပြီးနောက် ပင်တေဂုတ္တေနေ့တွင် ယုဒလူမျိုးများအား သတင်းကောင်းကို ရဲရဲဝံ့ဝံ့ ဟောပြော ခဲ့သည်။
လူတစ်ယောက်သည် (၁သက်၊ ၅း၁၃ ထဲတွင် ဖော်ပြသည့်အတိုင်း) ၀ိညာဉ်တော်၏ အရှိန်ကို မငြိမ်းစေရန် ကြိုးပမ်း အားထုတ်ခြင်း၊ ရှိသည့်အတိုင်း ထိုသူသည် ၀ိညာဉ်တော်ဖြင့် လျှောက်လှမ်းနိုင်ပါသည်။ ၀ိညာဉ်တော်နှင့် ပြည့်ဝသော အသက်တာကိုလည်း ရှာဖွေတွေ့ရှိနိုင်သည် (ဧ၊ ၅း၁၈-၂၁)။ လူတစ်ဦးသည် သန့်ရှင်းသော ၀ိညာဉ်တော်နှင့် မည်သို့ ပြည့်ဝ နိုင်မည်နည်း။ ပထမအနေနှင့် ၎င်းသည် ဓမ္မဟောင်းကျမ်းထဲတွင် ဘုရားသခင်က သူနှစ်သက်သော ပုဂ္ဂိုလ်တစ်ဦးကို ရွေးချယ်၍ ထိုသူအားဖြင့် သူပြုလိုသော အမှုအားလုံး ပြည့်စုံစွာလုပ်ဆောင်ခဲ့ပါသည် (က၊ ၄၁း၃၈၊ ထွက်၊ ၃၁း၃၊ ကော၊ ၂၄း၂၊ ၁ဓမ္မ၊ ၁ဝး၁၀)။ ဧ၊ ၅း၁၈-၂၁ နှင့် ကော၊ ၃း၁၆ ထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ပြည့်ဝသော သူများကို ဘုရားသခင်က ရွေးချယ်ကြောင်းကို တွေ့နိုင်ပါသည်။ ဤကျမ်းပိုဒ်နှစ်ခုတို့သည် သန့်ရှင်းသော ၀ိညာဉ်တော်နှင့် ပြည့်ဝခြင်း ကို ဖော်ပြလိုသော ကျမ်းပိုဒ်များဖြစ်ကြသည်။ ဤအချက်မှ တဆင့် ဒုတိယအချက်ကိုလည်း လုပ်ဆောင်နိုင်ပါသည်။
ကောင်းသောအရာဟူသမျှသည် လုပ်ဆောင်နိုင်ရန်အတွက် ဘုရားသခင်က သူ၏ နှုတ်ကပတ်တော်ကို ကျွနု်ပ်တို့ထံ ပေးအပ်ခဲ့သည်ဟု ဘုရားသခင်၏ နှုတ်ကပတ်တော်၊ သမ္မာတရားက မိန့်ဆိုထားပါသည် (၂တိ၊ ၃း၁၆-၁၇)။ သမ္မကျမ်းစာက မည်ကဲ့သို့သော အသက်ရှင်ရမည်ကို၎င်း၊ မည်သည့်အရာကို ယုံကြည်ရမည်ကို၎င်း၊ ကျွနု်ပ်တို့အား သွန်သင်ထားပါသည်။ သမ္မာကျမ်းစာက ကျွနု်ပ်တို့သည် လမ်းမှားကို ရွေးမိခေဲ့သောအခါ လမ်းမှန်သို့ ရောက်ရှိရန် လမ်းညွှန်၍ ပို့ဆောင်ပေးပါသည်။ ထို့ပြင် သမ္မတရားလမ်း၌သာ နေရန် ကျွနု်ပ်တို့ကို ကူညီပေးပါသည်။ ဟေဗြဲ၊ ၄း၁၂ ထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တရား တော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက်သကာတို့ထက် တက်ခြင်း နှင့် ပြည့်စုံသည်ဖြစ်၍ အသက်နှင့် စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့် ဆင်ခြေကို၎င်း ပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင် တတ်၏ဟု ပြောထားသည်။ ဆာ၊ ၁၁၉ ထဲတွင် ဆာလံ ဆရာက စိတ်နှလုံးသားထဲ၌ ပြောင်းလဲပေးနိုင်သော တန်ခိုးရှိသည် ပြောဆိုထားပါသည်။ ယေရှုသည် သူ၏ ရန်သူတို့ပေါ်တွင် အောင်မြင်ခြင်းရရှိစေနိုင်သော သော့ချက်သည် နှုတ်ကပတ်တော် တရားတော်ကို မမေ့လျော့ပဲ နေ့ည မပြတ် မြွတ်ဆို အာရုံပြုရမည်ဖြစ်သည်။ သို့မှသာ သူသည် နှုတ်ကပတ်တော်ကို စောင့်ထိန်းနိုင်ပါလိမ့်မည်။ ယေရှုက ဘုရားသခင် မိန့်ဆိုသည့်အတိုင်း ပြုခဲ့သည်။ ဘုရားသခင်က သူ့ကို စစ်ချီရန် အမိန့် မရှိ သော်လည်း ကတိတော်နယ်မြေ သိမ်းယူနိုင်ရန် စစ်ပွဲ၌ သူ၏ အောင်မြင်မှု ရရှိခြင်းသော့ချက်သည် နှုတ်ကပတ်တော်ကို စောင့်ထိန်းခြင်းဖြစ်သည်။
ဝမ်းနည်းစရာတစ်ခုကတော့၊ တခါတရံ ကျွနု်ပ်တို့သည် သမ္မာကျမ်းစာကို ပေါ့ပေါ့တန်တန် ထင်မှတ်ခြင်းပင်ဖြစ်သည်။ ကျွနု်ပ်တို့သည် ဘုရားကျောင်းသို့ မိမိကျမ်းစာအုပ်ကို ယူဆောင်သွားကြသည်။ နေ့တိုင်း ဖတ်ရှုသည်။ တစ်နေ့လျှင် အခန်းကြီး တစ်ခုစီဖတ်ကြသည်။ သို့သော် အလွတ်ကျက်မှတ််ရန်၊ အာရုံပြုရန်၊ မိမိအသက်တာ၌ ဆင်ခြင် သုံးသတ်ရန်၊ ထိုနှုတ်ကပတ်ဖွင့်ပြသည့်အတိုင်း အပြစ်ဝန်ချရန်၊ နှုတ်ကပတ်တော်ထဲ၌ ဖွင့်ပြသည့်အတိုင်း ဘုရားသခင် ပေးထားသော ဆုကျေးဇူးတော်အတွက် သူ့ကို ချီးမွမ်းရန်အတွက် ကျွနု်ပ်တို့မေ့လျော့တတ်ကြသည်။ ကျွနု်ပ်တို့သည် သမ္မာကျမ်းစာ ဖတ်ရှုသောအခါ အလွန်ငေးငွေ့တတ်ကြပါသည်။ ကျွနု်ပ်တို့သည် ၀ိညာဉ်ရေးရာ၌ ရှင်သန်နိုင်ရန် နှုတ်ကပတ်တော်ကို ထိန်းသိမ်းနိုင်ပါသည်။ (ကျန်းမာရေးကောင်းမွန်ရန် အတွက်သာ မျိုချဖို့မဟုတ်ပဲ ကျမ်းမာသန်စွမ်းရန် စာသုံးရန်လိုအပ် သည်။) (သို့) ကျွနု်ပ်တို့သည် တခါတရံသာ ကျွေး၍ သမ္မာကျမ်းစာမှ အစာအဟာရပြည့်စုံစွာ ရရှိနိုင်ရန် နှုတ်ကပတ်တော်ကို အချိန်ကြာမြင့်စွာ အာရုံမပြုပဲ နေနိုင်သည်။
မိတ်ဆွေက နှုတ်ကပတ်တော်ကို နေ့စဉ်နေ့တိုင်း အကျိုးရှိစွာ လေ့လာခြင်းအကျင့် မရှိသေးခဲ့လျှင်ဖြစ်စေ၊ သန့်ရှင်းသော ၀ိညာဉ်တော်က မိတ်ဆွေ၏ နှလုံးသားထဲ၌ လှုပ်ရှားသည့်အတိုင်း ကျမ်းပိုဒ်တွေကို အလွတ်မကျက်သေးခဲ့ လျှင် ယခုမစ၍ ထိုလုပ်ငန်းတို့ကို စတင်လုပ်ဆောင်ခြင်းသည် အရေးကြီးပါသည်။ တချို့သော ကျမ်းပိုဒ်တို့က မိတ်ဆွေ၏ ဘဝခရီးအစပြုနိုင်ရန် ကူညီပါလိမ့်မည်။ မိတ်ဆွေ၏ နှလုံးသားထဲ၌ နှုတ်ကပတ်တော်တရားတော်ကို အမြစ်မစွဲသည့်တိုင် အောင် နှုတ်ကပတ်တော် အလွတ်ကျက်မှတ်ခြင်းကု မရပ်တန့်အပ်ပေ။ တချို့သော ကျမ်းပိုဒ်တို့သည် သူတို့၏ နှလုံးသားထဲ ၌ ဘုရားသခင်၏ စကားပြောသည့်အတိုင်း ဘုရားသခင်က အကူအညီပေးရန် တောင်းဆိုသော ဆုတောင်းချက်တို့လည်း ပါဝင် ပါသည်။ သမ္မာကျမ်းစာသည် ကျွနု်ပ်တို့ အသက်တာထဲ၌ ဘုရားသခင် အသုံးပြုခဲ့သော စာအုပ်ဖြစ်ပါသည်။ (ဧ၊ ၆း၁၇)။ သမ္မာကျမ်းစာသည် မရှိမဖြစ်လိုအပ်သော အရာဖြစ်ပြီး၊ ၀ိညာဉ်ရေးရာတိုက်ပွဲ ဆင်နွဲရာတွင် ဘုရားသခင်အသုံးပြုသော အဓိကလက်နက်တစ်ခုဖြစ်ပါသည်။ (ဧ၊ ၆း၁၂-၁၈)။
အပြစ်တရားကို တိုက်ခိုက်ရန် အလွန်အရေးကြီးသော တတိယမြောက် လက်နက်သည် ဆုတောင်းခြင်းပင်ဖြစ်ပါ သည်။ ဤလုပ်ငန်းသည် နှုတ်ခမ်းအားဖြင့်သာ လုပ်ဆောင်ရသော လုပ်ငန်းဖြစ်သော်လည်း ခရစ်ယာန်တို့သည် ဆုတောင်း ရန် အလွန်အားနည်းတတ်ကြသည်။ ကျွနု်ပ်တို့သည် ဆုတောင်းခြင်း အစည်းအဝေးများ၊ ဆုတောင်းရန် အချိန်များ သတ်မှတ် ထားသော်လည်း ကျွနု်ပ်တို့၏ ဆုတောင်းခြင်းတို့သည် ကနဦး အသင်းတော်၌ ပေးထားသော လုပ်ဆောင်မှု နမူနာတို့နှင့်သာ တူညီသည်။ (တမန်၊ ၃း၁၊ ၄း၃၁၊ ၆း၄၊ ၁၃း၁-၃)။ ပေါလုသည် သူ အမှုတော်ဆောင်သော နေရာဒေသ၌ ရှိသော သူတို့ အတွက် မည်သို့ ဆုတောင်းခဲ့သည်ကို သူက မကြာခဏ ပြောခဲ့ပါသည်။ ဆုတောင်းခြင်းနှင့် ပတ်သက်၍ ဘုရားသခင်က ကျွနု်ပ်တို့အား အံ့သြဖွယ်ကောင်းသော ကတိတော်ပေးခဲ့ပါသည်။ (မ၊ ရးရ-၁၁၊ လု၊ ၁၈း ၁-၈၊ ယော၊ ၆း၂၃-၂၇၊ ၁ယော၊ ၅း၁၄-၁၅)။ ၀ိညာဉ်တိုက်ပွဲ ဆင်နွှဲရန် ကြိုတင်ပြင်ဆင်ရန် ပေါလု တိုက်တွန်းပေးသော အကြောင်းအရာလည်း တွေ့နိုင်ပါ သည် (ဧ၊ ၆း၁၈)။
ကျွနု်ပ်တို့၏ အသက်တာ၌ အပြစ်တရားကို အောင်မြင်ရန် ဆုတောင်းခြင်းသည် မည်မျှ အရေးကြီးသနည်း။ ဂေသာရှေမာနေဥယျာဉ်၌ ပေတာရုက သခင်ယေရှုကို မငြင်းမီ သူထံ ခရစ်တော်ပြောသောစကားကို ပေတရုကို ကြည့်သော် တွေ့နိုင်ပါသည်။ ထိုနေရာတွင် သခင်ယေရှုသည် ဆုတောင်း၍ ပေတရုသည် အိပ်မောကျနေသည်။ သခင်ယေရှုက သူ့ကို နှိုး၍ ဤသို့ပြောခဲ့သည်။ “စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည့်အကြောင်း ဆုတောင်းလျက် စောင့်နေကြလော့။ စိတ်ဝိညာဉ်ကား စေတနာစိတ်ရှိငြားသော်လည်း ကိုယ်မူကား အားနည်းသည်” (မဿဲ၊ ၂၆း၄၁)။ ပေတရု နည်းတူ ကျွနု်ပ်တို့ သည်လည်း မှန်ကန်သော အရာကို လုပ်ဆောင်လိုကြသော်လည်း အင်အားကို မတွေ့နိုင်ပေ။ ကျွနု်ပ်တို့သည် ဘုရားသခင် အကြံပြုခဲ့သော ဆက်လက်ရှာဖွေခြင်း၊ တံခါးခေါက်ခြင်းနှင့် အသနားခံခြင်းတို့ကို အမြဲလုပ်ဆောင်ရန် လိုအပ်သည်။ သို့ပြု လျှင် ကျွနု်ပ်တို့လိုအပ်သော အင်အားကို ဘုရားသခင်က ချပေးတော်မူမည်ဖြစ်ပါသည် (မဿဲ၊ ရးရ)။ ဆုတောင်းခြင်းသည် ၀ိဇ္ဇာအတတ်ပမာ လုပ်ဆောင်ခြင်းမျိုးမဟုတ်ပေ။ ဘုရားသခင်သည် ကြည်ညိုလေးစားဖွယ် အလွန်ကောင်းသည်။ ဆုတောင်း ခြင်းသည် ကျွနု်ပ်တို့၏ အားနည်းချက်ကို သိရှိခြင်းဖြစ်၍ ဘုရားသခင်၏ မကုန်ခမ်းနိုင်သော တန်ခိုးတော်ကို အသိအမှတ်ပြု ခြင်းဖြစ်သည်။ ဆုတောင်းခြင်းသည် ဘုရားသခင်က ကျွနု်ပ်တို့အား လုပ်စေလိုသော အရာများ လုပ်ဆောင်နိုင်ရန် ခွန်အား တောင်းခံခြင်းဖြစ်သည် (ကျွနု်ပ်တို့၏ စိတ်ဆန္ဒအတိုင်း လုပ်ဆောင်ရန် မဟုတ်ပေ) (၁ယော၊ ၅း၁၄-၁၅)။
အပြစ်တရားကို အောင်မြင်နိုင်ရန် လေးခုမြောက်သော ကျွနု်ပ်တို့၏ လက်နက်သည် အသင်းတော်၌ ယုံကြည်သူများ ၏ မိတ်သဟာရဖွဲ့ခြင်းပင်ဖြစ်သည်။ သခင်ယေရှုက သူ၏ နောက်လိုက်တပည့်တော်တို့ကို စေလွှတ်သောအခါ နှစ်ယောက် တစ်တွဲသွားရန် စေလွှတ်ခဲ့ပါသည်။ (မဿဲ၊ ၁ဝး၁)။ တမန်တော် ဝတ္တုထဲ၌ ရှိသော သာသနာလုပ်ငန်းကို ကြည့်သော သူတို့သည် တစ်ကြိမ်တည်း အားလုံးမသွားခဲ့ပေ။ သို့သော် နှစ်ယောက် (သို့) လိုထက်များသော အဖွဲ့များ ခွဲ၍ သွားခဲ့ပါ သည်။ သခင်ယေရှုက သင်တို့သည် နှစ်ဦး (သို့) သုံးဦးတို့သည် သဘောချင်းတိုက်ဆိုင်၍ စုရုံးသောနေရာတွင် ငါရှိသည်ဟု မိန့်ဆိုခဲ့ပါသည် (မဿဲ၊ ၁၉း၂၀)။ သခင်ယေရှုက စုရုံးခြင်းအမှုကို မထီမဲ့မြင်ပြုရန် အမိန့်မရှိခဲ့ပေ။ သို့သော် စုရုံးခြင်းထဲ၌ အချင်းချင်း ချစ်ခြင်းမေတ္တာနှင့် ကောင်းသောအကျင့်စရိုက် ပြုခြင်းအားဖြင့် အချင်းချင်း ခွန်အားပေးရန် သခင်ယေရှုက တိုက်တွန်းထားပါသည် (ဟေဗြဲ၊ ၁ဝး၂၄-၂၅)။ အချင်းချင်း တစ်ယောက်က တစ်ယောက်အပေါ်တွင် အပြစ်ဝန်ချတောင်းပန် ရန် သခင်ယေရှုက မိန့်ဆိုထားပါသည် (ယာ၊ ၅း၁၆)။ ဓမ္မဟောင်းထဲ၌ ရှိသော ပညာပေးစာစောင်က ကျွနု်ပ်တို့ကို ဤသို့ ပြောထားပါသည်။ သံက သံကို၎င်း၊ လူက လူကို၎င်း၊ ထက်မြက်စေနိုင်သည် (၁၃၊ ၂ရး၁၇)။ လူအများအပြား စုရုံးသော နေရာတွင် အင်အားရှိသည် (ဒေသ၊ ၄း၁၁-၁၂)။
တစ်ယောက်နှင့် တစ်ယောက် အသိအမှတ်ပြုသော လုပ်ဆောင်ဖက်တို့သည် အပြစ်ဒုစရိုက်ကို ကျော်လွှားစေနို်င် သည်ဟု ခရစ်ယာန်များစွာက တွေ့ရှိခဲ့သည်။ မိတ်ဆွေကို စကားပြောသောသူ၊ ဆုတောင်းပေးမည့်သူ၊ အားပေးမည့်သူ၊ ဆုံးမမည့်သူ ရှိခြင်းသည် ရေတွက်၍မရသော တန်ဖိုးရှိသည်။ စုံစမ်းခြင်းသည် လူတိုင်းအပေါ် ကျရောက်မည့်အရာ ဖြစ်သည် (၁ကော၊ ၁ဝး၁၃)။ ကူညီမည့်အပေါင်းအဖော်ရှိခြင်း (သို့) အဖွဲ့အစည်းရှိခြင်းက ပြင်းထန်သော အပြစ်ဒုစရိုက်ကို ကျော်လွှား အောင်မြင်ရန် ကျွနု်ပ်တို့ လိုအပ်သော ခွန်အားနှင့် လှုပ်ရှားမှုကို ပေးခဲ့သည်။
တခါတရံ အပြစ်တရားကို လျှင်မြန်စွာ အောင်မြင်နိုင်သည်။ တခါတရံ တချို့သော နေရာများတွင် အောင်မြင်မှု နှေး ကွေးတတ်သည်။ ကျွနု်ပ်တို့သည် ဘုရားသခင်၏ နည်းလမ်းကို အသုံးပြုခဲ့လျှင် ကျွနု်ပ်တို့၏ အသက်တော်၌ တိုးတက်မှုကို ဖြည်းညှင်းစွာ ရရှိမည်ဖြစ်ပါသည်။ ဘုရားသခင်သည် သူ၏ ကတိတော်ပေါ်တွင် သစ္စာစောင့်သော ဘုရားသခင် ဖြစ်သော ကြောင့် ကျွနု်ပ်တို့သည် အပြစ်တရားကို အောင်မြင်ရန် စိတ်ရှည်သည်းခံစွာဖြင့် ကြိုးပမ်းအားထုတ်နိုင်ပါသည်။
ကျွနု်ပ်သည် အဘယ်ကြောင့် မိမိကိုယ်ကို သေကြောင်းမကြံစည်ရမည်နည်း?
ေမးခြန္း: ကျွနု်ပ်သည် အဘယ်ကြောင့် မိမိကိုယ်ကို သေကြောင်းမကြံစည်ရမည်နည်း?
အေျဖ: မိမိကိုယ်ကို သေကြောင်းကြံစည်မှုဖြင့် သောသောသူတို့အတွက် ကျွနု်ပ်တို့၏ နှလုံးသားထဲ၌ ခံစားမှုများ စွာရှသည်။ ထိုသို့ အသေခံသောသူသည် မိတ်ဆွေဖြစ်ခဲ့လျှင် မျှော်လင့်ချက်ကင်းမဲ့ခြင်းနှင့် စိတ်ပျက်ဝမ်းနည်းခြင်း ကဲ့သို့သော စိတ်ဖိဆီးမှုတို့ကို ခံစားသည်ဟု ပြောစရာရှိပါသည်။ မိတ်ဆွေသည် နက်ရှိုင်းသော တွင်းထဲသို့ ကျသောသူကဲ့သို့ စိတ်ဖိဆီးမှုကို ခံစားနိုင်သည်။ ထို့ပြင် ပို၍ ကောင်းမွန်သော အရာဖြစ်သော မျှော်လင့်ခြင်းရောင်ခြည်ကို မည်သူကမှ စိတ်ဝင် စား၍ သိရှိလိမ့်မည်မဟုတ်ပေ။ ထိုသို့သော ဘဝသည် ရှင်သန်ရန် သင့်လျော်သလော့။
ချို့တဲ့သော စိတ်ဖိဆီးမှုကို များစွာသောသူတို့က တချိန်ချိန်တွင် တွေ့ကြုံခံစားရမည်ဖြစ်ပါသည်။ စိတ်ဖိဆီးမှု ဒဏ် ကြောင့် ငရဲထဲသို့ ရောက်နေသော သူတို့၏ စိတ်ထဲတွင် ဤကဲ့သို့သော မေးခွန်းများ ပေါ်လာနိုင်သည်။ “ဤကဲ့သို့ စိတ်ဖိဆီးမှု ခံစားခြင်းသည် ကျွနု်ပ်ကို ဖန်ဆင်းခဲ့သော ဘုရားသခင်၏ အလိုတော်ဖြစ်သလား။” “ကျွနု်ပ်ကို မကယ်တင်နိုင် လောက်အောင် ဘုရားသခင်သည် အလွန်သေးငယ်သလော။” သို့သော်၊ ယခု ဘုရားသခင်သည် စစ်မှန်သော ဘုရားဖြစ် ကြောင်းကို အချိန်အနည်းငယ်ယူ၍ မိတ်ဆွေ စဉ်းစားကြည့်လျှင် သူသည် သူဖြစ်သည့်အတိုင်း ကြီးမားကြောင်းကို သက်သေ ပြပါလိမ့်မည်။ “ဘုရားသခင်အတွက်် မဖြစ်နိုင်သောအရာ တစ်ခုမျှမရှိပေ” (လု၊ ၁း၃၇)။ ဒဏ်ရာဟောင်းက ငြင်းပယ်မှု (သို့ ) စွန့်ပစ်မှုကို ခံစားစေတတ်သည်။ ၎င်းက မိမိကိုယ်ကို သနားခြင်း၊ အမျက်ထွက်ခြင်း၊ ခါးသီးမှုကို ခံစားခြင်း၊ လက်စားချေလို သော စိတ်များ (သို့) နည်းလမ်းများ၊ ကျမ်းနာရေးအတွက် ပူပန်စိတ်များ ဖြစ်စေတတ်ပါသည်။ ၎င်းတို့က မိတ်ဆွေ၏ အရေးကြီးသော ဆက်နွယ်မှုတချို့တို့ကို ထိခိုက်ပျက်စီးစေနိုင်ပါသည်။ သို့သော် ကိုယ်ကိုယ့်ကို သတ်သေခြင်းသည် မိတ်ဆွေ လုံးဝ မထင်မှတ်သည်၊ မိတ်ဆွေ မြတ်နိုးသော သူတစ်ယောက်က မိတ်ဆွေကို နာကျည်းအောင် ပြုသည့်အခါတွင် ဖြစ်စေ၊ မိတ်ဆွေ၏ ဘဝ၌ နာကျည်းခဲ့သော ဒဏ်ရာဟောင်းတွေ ပြန်ပေါ်လာသောအခါတွင်ဖြစ်စေ၊ ကိုယ့်ကိုယ်ကို သတ်သေခြင်း အကြောင်းဖြစ်တတ်သည်။
မိတ်ဆွေသည် အဘယ့်ကြောင့် မိမိကိုယ်ကို သေကြောင်းမကြံစည်သင့်သနည်း။ မိတ်ဆွေ၊ မိတ်ဆွေ၏ အသက်တာ ထဲ၌ မည်မျှပင်ဆိုးသွမ်းမှုတွေ ရောက်ပါစေ၊ မိတ်ဆွေ၏ ဝမ်းနည်းပူဆွေးမှုထဲတွင် လမ်းပြပို့ဆောင်ရန်နှင့် အံ့သြဖွယ် ကောင်း သော အလင်းထဲသို့ ပို့ဆောင်ပေးရန် စောင့်ထိန်းသူချစ်ခြင်းမေတ္တာနှင့် ပြည့်စုံသော ဘုရားသခင်ရှိပါသည်။ သူသည် မိတ်ဆွေ မျှော်လင့်သောသူပင်ဖြစ်သည်။ သူ၏ အမည်နာမသည် သခင်ယေရှုဖြစ်သည်။
ထိုသခင်ယေရှု၊ အပြစ်ကင်းမဲ့သော ဘုရားသခင်၏ သားတော်သည် မိတ်ဆွေ၏ စွန့်ပစ်မှုခံရသော အချိန်နှင့် အနှိမ်ခံ ဘဝ၌ နေသောအချိန်တွင် မိတ်ဆွေနှင့်အတူ အစဉ်အမြဲရှိပါသည်။ ပရောဖက်ဟေရှာယက သူ့အကြောင်းကို ဤသို့ ရေးသား ခဲ့သည်။ ထာဝရဘုရား၏ ကျွန်သည် အညွန့်ကဲ့သို့ ၎င်း၊ သွေ့ခြောက်သော မြေ၌ ပေါက်သော အတက်ကဲ့သို့၎င်း၊ ရှေ့တော် ၌ ကြီးပွား၏။ ပမာဏပြုစရာ အဆင်းတင့်တယ်ခြင်းမရှိ။ ချစ်လိုဖွယ်သော မျက်နှာလက္ခဏာနှင့် မပြည့်စုံ။ မထီမဲ့မြင်ပြုခြင်းကို ခံ၍၊ လူတို့တွင် အယုတ်ဆုံးသော သူဖြစ်၏။ ငြိုငြင်သောသူ၊ နာကြည်းခြင်းဝေဒနာနှင့် ကျွမ်းဝင်သောသူဖြစ်၏။ သူတစ်ပါး မျက်နှာလွှဲခြင်းကို ခံရသောသူကဲ့သို့ဖြစ်၏။ မထီမဲ့မြင်ပြုခြင်းကို ခံလျက်ရှိ၍ ငါတို့သည် မရိုသေကြ။ သို့သော်လည်း ထိုသူ သည် ငါတို့အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏။ ဒဏ်ခတ်ေတော်မူခြင်းကို၎င်း၊ ဘုရားသခင်ဆုံးမ၍ နှိမ့်ချတော်မူခြင်းကို၎င်း၊ ခံရသောသူဖြစ်သည်ဟု ငါတို့ကသည် ထင်မှတ်ကြပြီ။ ထိုသူသည် ငါတို့ လွန်ကျူးအပြစ်များကြောင့် နာကျင်စွာထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်း ချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ ရောက်၍ ခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျော်လျက်ရှိကြ၏။ ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွှဲလျက်၊ ကို်ယ့် လမ်းသို့ အသီးအသီး လိုက်သွားကြသည်ဖြစ်၍ ထာဝရဘုရားသည် ငါတို့၏ ခပ်သိမ်းသော အပြစ်များကို သူ့အပေါ်၌ ထင်တော်မူ၏ (ဟေရှာ၊ ၅၃း ၂-၆)။
ချစ်မိတ်ဆွေ၊ မိတ်ဆွေ၏ အပြစ်အားလုံး လွှတ်ငြိမ်းချမ်းသာခွင့်ရရှိရန် သခင်ယေရှုခရစ်တော်က သည်းခံခွင့်လွှတ် ခြင်းဖြင့် ဤအမှုကို ပြုနေခြင်းဖြစ်သည်။ မိတ်ဆွေ၏ အပြစ်သည် မည်မျှပင် ကြီးမားလျှင်လည်း မိတ်ဆွေသည် နှိမ့်ချစွာဖြင့် နောင်တရလျှင် ခရစ်တော်က မိတ်ဆွေကို ခွင့်လွှတ်ပါလိမ့်မည်။ (အပြစ်ဒုက္စရိုက်နွံထဲမှ ရုန်းထွက်၍ ဘုရားသခင်ထံသို့ ပြန်လာပါ။ “အမှုရောက်သည့်ကာလ၌ ငါ့ကို ပဌနာပြုလော့။ ငါသည် ကယ်လွှတ်မည်။ သင်သည်လည်း ငါ့ကို ချီးမွှမ်းလိမ့်မည်” (ဆာ၊ ၅ဝး၁၅)။ မိတ်ဆွေပြုခဲ့သော အရာများက သခင်ယေရှုအတွက် ခွင့်လွှတ်ရန် အလွန်ဆိုးရွားမည် မဟုတ်ပေ။ သမ္မကျမ်းစာထဲ၌ ဖော်ပြထားသော ပုဂ္ဂိုလ်တချို့က ကြီးမားသော အမှုပြုခဲ့ပါသည်။ ထိုပုဂ္ဂိုလ်တို့သည် လူသတ် သမား (မောရှေ)၊ လူသတ်၍ မတရားပြုသူ (ဒါ၀ိတ်ဘုရင်)၊ စိတ်ပိုင်းနှင့် ကာယပိုင်းဆိုင်ရာ ကြမ်းကြုတ်သူ (တမန်တော် ရှင်ပေါလု) တို့ဖြစ်ကြသည်။ သို့သော် သူတို့သည် ဘုရားသခင်အားဖြင့် အပြစ်လွှတ်ငြိမ်းခြင်း အခွင့်နှင့် အသစ်သော ကြွယ်ဝ သော အသက်တာကို ရရှိခဲ့ကြသည်။ “ဒုက္စရိုက်အညစ်အကြေးကို အကုန်အစင်ဆေးကြော၍ အကျွနု်ပ်ကို သန့်ရှင်းစေ တော်မူပါ” (ဆာ၊ ၅၁း၂)။ “လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသော အရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ (၂ကော၊ ၅း၁၇)။
မိတ်ဆွေသည် အဘယ့်ကြောင့် မိမိကိုယ်ကို သေကြောင်းမကြံသင့်သနည်း။ မိတ်ဆွေ၊ ယခု မိတ်ဆွေ၏ “ပျက်ဆီး” သောဘဝ၊ မိမိကိုယ်ကို သေကြောင်းကြံခြင်းအားဖြင့် သတ်သေရန် ကြိုးပမ်းအားထုတ်သောအသက်တာကို ဘုရားသခင်က ပြန်လည်ပြုပြင်ရန် အဆင့်သင့်ဖြစ်ပါသည်။ ပရောဖက်ဟေရှာယက ဤသို့ ပြောထားပါသည်။” ထာဝရဘုရား၏ ၀ိညာဉ်တော်သည် ငါ့အပေါ်မှာ တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သတင်းကို ကြား ပြောစေခြင်းငှါ၊ ငါ့ကဘိိ သိက််ပေးတော်မူပြီ။ နှလုံးကြေကွဲသော သူတို့၏ အနာကို စည်းစေခြင်းငှါ၎င်း၊ ဖမ်းသွား ချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့်၊ အကျဉ်းခံလျက်ရှိသော သူတို့အား ထောင်တံခါးဖွင့်စေခြင်းအကြောင်းကို ဖြစ်စေ ခြင်းငှါ၎င်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်နှင့် ငါတို့ဘုရားသခင်အပြစ်ပေးတော်မူရာ နေ့ရက်ကာလကို ကြားပြောစေခြင်းငှါ၎င်း၊ စိတ်မသာညည်းထွားသောသူတို့အား နှစ်သိ်မ့်စေခြင်းငှါ၎င်း၊ စိတ်မသာ ညည်းထွားသော ဇိအုန်မြို့သားတို့အဖို့ စီရင်၍၊ ပြာ အရာ၌ ပေါင်းသရဖူ၊ ဝမ်းနည်းခြင်းအရာ၌ ဝမ်းမြောက်ခြင်းဆီ၊ ညှိုးငယ်သောစိတ်သဘောအရာ၌ ချီးမွမ်းခြင်း အဝတ်တန်ဆာ ကို သူတို့အားပေးစေခြင်းငှါ၎င်း၊ ငါ့ကို စေလွှတ်တော်မူပြီ။ ထိုသူတို့သည် ဖြောင့်မတ်ခြင်း သပိတ်ပင်၊ ဘုန်းအသရေတော်တို့ ထာဝရဘုရား စိုက်ပျိုးတော်မူသော အပင်ဟူ၍ သမုတ်ခြင်းကို ခံရကြလိမ့်မည် (ဟေရှာ၊ ၆၁း၁-၃)။
သခင်ယေရှုထံပြန်လာ၍ မိတ်ဆွေက ပျော်ရွှင်ချမ်းမြေ့သော ဘဝကို ပြန်လည်ရယူပါ။ မိတ်ဆွေ၏ ဘဝ၌ အသစ် သောအမှု လုပ်ဆောင်နိုင်ရန် သခင်ယေရှုကို ယုံကြည်ကိုးစားမှုဖြင့် လျှောက်လှမ်းသည့်နည်းတူ အသုံးကျသော ဘဝကို ပြန် လည်ရယူပါ။ “ကယ်တင်တော်မူခြင်းနှင့်ယှဉ်သော ဝမ်းမြောက်ခြင်းအခွင့်ကို ပြန်၍ ပေးသနားတော်မူပါ။ ကြည်ညိုသော စေတနာ စိတ်သဘောသည် အကျွနု်ပ်ကို ထောက်မပါစေသော။ အို ထာဝရဘုရား၊ အကျွနု်ပ်တို့၏ နှုတ်ကိုဖွင့်တော်မူပါ။ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်း၍ မြွတ်ဆိုပါမည်။ ယဇ်ပူဇော်ခြင်းကို အလိုတော်မရှိ။ သို့မဟုတ်လျှင် ယဇ်ပူဇော်ပါမည်။ မီးရှို့သော ယဇ်ပူဇော်ခြင်းကိုပင် နှစ်သက်တော်မမူ။ ဘုရားသခင် နှစ်သက်တော်မူသော ယဇ်မူကား၊ ကျိုးပဲ့သော စိတ်ပေတည်။ အို ဘုရားသခင်၊ ကိ်ုယ်တော်သည် ကျိုးပဲ့ကြေမွသော နှလုံးကို ငြင်းတော်မမူတတ်ပါ” (ဆာ၊ ၅၁း၁၂-၁၅-၁၇)။
မိတ်ဆွေသည် ယခု သခင်ယေရှုကို ကယ်တင်ရှင်နှင့် သိုးထိန်းအဖြစ် လက်ခံမည်လော။ အချိန်တိုင်း၌ ဘုရားသခင် က မိတ်ဆွေ၏ အတွေးအခေါ်နှင့် ခြေလှမ်းများကို သူ၏ နှုတ်ကပတ်တော်၊ သမ္မာကျမ်းစာအားဖြင့် လမ်းပြပို့ဆောင် ပါလိမ့် မည်။ “သင်သွားရာလမ်းကို ငါညွှန်ပြ၍ လမ်းပြပါလိမ့်မည်။ ငါသည် သင့်ကို သွန်သင်၍ စောင့်ထိန်းပါလိမ့်မည်” (ဆ၊ ၂း၈)။ “ဉာဏ်နှင့်ပညာသည် သင်၏ လက်ထက်၌ တည်ကြည်ခြင်း၊ မြဲမြံစွာကယ်တင်ခြင်းကို ဖြစ်စေလိမ့်မည်။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည်လည်းသင်၏ ဘဏ္ဍာဖြစ်လိမ့်မည် (ဟေ ရှာ၊၃၃း၆)။ခရစ်တော်ထဲ၌ မိတ်ဆွေသည် ဆက်လက််ကြိုးပမ်းပါလိမ့်မည်။ သို့သော် ယခုမိတ်ဆွေသည် မျှော်လင့်ချက်ရှိသည်။ ခရစ်တော်သည် မိတ်ဆွေဖြစ်၍၊ မိတ်ဆွေမူကား ညီအစ်ကိုစွဲကပ်သည်ထက်သာ၍ စွဲကပ်တတ်၏” (သုတ္တံ၊ ၁၈း၂၄)။ မိတ်ဆွေ၏ ဆုံးဖြတ်ချက်ပေါ်တွင် သခင်ယေရှုခရစ်တော်၏ ငြိမ်သက်ခြင်း သက်ရောက်ပါစေသော။
မိတ်ဆွေသည် သခင်ယေရှုခရစ်တော်ကို မိမိကယ်တင်ရှင်အဖြစ် လက်ခံလိုပါက ဤဆုတောင်းချက်ကို နှလုံးသားထဲ မှ ဘုရားသခင်အား ပြောပြပါ။ “ဘုရားသခင်၊ ကျွနု်ပ်၏ ဘဝ၌ ကိုယ့်တော်ကို လိုအပ်ပါ၏။ ကျွနု်ပ်ပြုခဲ့မိသော အပြစ်ဟူသမျှ ခွင့်လွှတ်သနားတော်မူပါ။ ကျွနု်ပ်သည် သခင်ယေရှုခရစ်တော်ကို ယုံကြည်၍ ကျွနု်ပ်၏ ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံ ပါ၏။ ကျွနု်ပ်ကို စင်ကြယ်စေတော်မူပါ။ ကျမ်းမာစေတော်မူပါ။ ဝမ်းမြောက်ခြင်း ပေးသနားတော်မူပါ။ ကိုယ်တော်၏ ချစ်ခြင်း မေတ္တာနှင့် ကျွန်ုပ်၏ ကိုယ်စား သခင်ယေရှု၏ အသေခံတော်မူခြင်းအတွက် ကိုယ်တော်ကို ကျေးဇူးတင်ပါ၏”။
bottom of page